၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)

60 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၈၂

( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)

ရှက်ဖွယ် အတိ...။

သူတို့ကို ရှုချန်း မည်ကဲ့သို့ လှည့်ဖြားပြီး ခြုံခိုတိုက်ခိုက်ခဲ့သည်ကို ပြန်တွေးကြည့်မိ၏။ သူတို့အားလုံး မိုင်းကွင်းထဲ မရောက်ရောက်အောင် ရှုချန်း ဖြားယောင်း တိုက်ခိုက်ခဲ့ခြင်းပင်။

နောက်တဖန် အရှက်ကွဲခဲ့ရပြန်သည်။ ယခင်ရက်ကထဲက ဒေါသများကို ထိန်းချုပ်မြိုချခဲ့ရသော ဟူပင်း ရင်ကွဲလုမတတ် ဒေါသထွက်လာလေပြီ။ ဤနှစ်ရက်လုံးလုံး သူ၏ အစွမ်းကို မပြနိုင်ဘဲ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရ၏။

ထို့အပြင် နှစ်ကြိမ်စလုံးမှာ ရှုချန်း၏ လက်ဖြင့် သူ့ဦးခေါင်းကို ပစ်ခတ်ခဲ့သေးသည်။

တိုက်ပွဲ ပြီးဆုံးသွားပြီဆိုသော ခံစားချက်ကြောင့် ဟူပင်း မနေထိမထိုင်သာ ဖြစ်နေသည်။

လွန်စွာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည့်အတွက် သူ ဆက်၍ပင် အသက်မရှင်လိုတော့ပေ။

ဟူပင်းက ရဲရဲနီနီနေသော မျက်လုံးများဖြင့် ရှုချန်းကို ဒေါသတကြီး ကြည့်လိုက်ပြီး ဆွဲထိုးလိုက်၏။

"ရှုချန်း သတိထား..."

ဟူပင်း တစ်ယောက် ရှက်ရမ်း ရမ်းကာ ရန်လိုနေမှန်း မြင်လိုက်ရသည့်အတွက် ဝေ့ယွမ် နှင့် အခြားသူများက ရှုချန်းကို သတိပေးလိုက်၏။

စောင့်ကြည့်ရေး စင်တာမှ ကြည့်ရှုနေသူ အားလုံးလည်း ဟူပင်း တစ်ယောက် ဒေါသတကြီးဖြင့် ရှုချန်းကို ရန်မူနေကြောင်း မြင်လိုက်ရသည့်အခါ တုန်လှုပ်ခြောက်ခြားသွားကြ၏။

"ကြီးကြပ်ရေးမှူး ဒီကောင် စိတ်ထင်ရာတွေ လုပ်နေပြီ..."

"ကြီးကြပ်ရေးမှူး တိုက်ခိုက်ခွင့် ပေးလိုက်စမ်းပါ... ဒီကောင်စိတ်ထဲ တစ်ခုခု ခံစားမိသွားရင် သူ့ အနာဂါတ်အတွက် ကောင်းပါတယ်... စစ်တပ်ထဲမှာ လက်သီး ပိုပြင်းတဲ့ကောင်က ပိုပြီး ဆရာကြီး လုပ်နိုင်တယ်ဆိုတာ ဒီကောင် သင်ယူဖို့လိုတယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now