အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )

58 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၉၃

( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )

ရှုချန်းက လက်ဆန့်ကာ စီနီယာ ညီအစ်ကို နှစ်ယောက်ကို နှုတ်ဆက်လိုက်၏။

"ကျွန်တော့် နာမည်က ရှုချန်းပါ... "

ထောင့်ရှစ် က လက်ဝေ့ယမ်းကာ ပြောသည်။

"နာမည် အရင်းတွေ သုံးတာက ပျော်ဖို့ မကောင်းဘူးကွာ... ငါတို့ နဂါးဓား တွေက အမည်ဝှက် ဒါမှမဟုတ် နာမည်ပြောင်တွေ သုံးကြတာ များတယ်... "

ထိုအခါ ရှုချန်းက အနေရခက်စွာဖြင့် ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်တော့်မှာ နာမည်ပြောင် မရှိဘူး... "

"ဘာလို့ မရှိရမှာလဲ... အရင်တစ်ခေါက်က ငါမင်းကို နာမည်ပြောင် ပေးထားတယ်လေ... "

"ဟမ်... "

ရှုချန်း ခေါင်းရှုပ်သွား၏။

" နှစ်လေး..."

(TN : နှစ်လေး ဆိုတာကလည်း တရုတ်ဗန်းစကားမှာ D-ck ကို ဆိုလိုတာပါ)

"အာ့... "

ရှုချန်းက သူ့ရင်ဘတ်၌ မြှား တစ်ချောင်း စိုက်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကိုယ့်လူရေ... ဒီ နာမည်ပြောင်ကို ကြားလိုက်ရကတည်းက... ဒီနာမည်ကို မင်းအတွက် သီးသန့် ထုတ်ထားသလိုပဲ... အရမ်း အားကောင်းလွန်းတယ်... ဒါဆို ဆုံးဖြတ်လိုက်ကြရအောင်.. ငါမင်းကို အခုက စပြီး နှစ်လေး လို့ပဲ ခေါ်တော့မယ်... "

ထောင့်ဂျက် က ရယ်လျက် ပြောသည်။

ထောင့်ရှစ် ကလည်း လက်ခုပ်တီးကာ ဝင်ထောက်ခံ၏။

"ဟုတ်တယ်... အဲ့ နာမည်က သောက်ရမ်း မိုက်တယ်... သောက်ရမ်း လွှမ်းမိုးနိုင်တယ်ကွ.. ငါတို့ နဂါးအဖွဲ့ မှာတောင် ကိုယ်ကိုယ့်ကိုယ် နှစ်လေးလို့ ပေးရဲတဲ့လူ မရှိသေးဘူး... မင်းတစ်ယောက်ပဲ ရှိတာ... စွမ်းအားကြီးတယ်ဆိုတဲ့ သင်္ကေတပဲ... မကောင်းဘူးလား..."

ထိုအခါ ပိုင်ရှန်း က ခေါင်းညိတ်လိုက်ပြီးမှ မျက်နှာကို မော်ချီစွာ ပြောသည်။

"တွေ့လား... မင်းနာမည်ပြောင်ကို ငါ အားအများကြီး စိုက်ထုတ်ပြီး စဉ်းစားပေးထားရတာ... "

နတ်နဂါးစစ်သည်Where stories live. Discover now