အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )

53 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၂၈

(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ြခင်း )

ထိပ်တန်းစစ်သည်ခြောက်ဦးက တစ်ဦးကို တစ်ဦး ကြည့်လိုက်မိသည်။ အမာရွတ်လီက ရှုချန်းနှင့် ရန်ညိုးရန်စ ရှိပြီးသား ဖြစ်ပြီး ယခုကဲ့သို့ အစော်ကား ခနဲ့ခံရသည်တွင် မည်သို့ သည်းခံနိုင်လိမ့်မည်နည်း။

သူက ချက်ချင်းပင် ရှုချန်းမည်မျှ အစွမ်းထက်သနည်း ဆိုသည်ကို လက်သီးချက် ထုတ်ဖော်၍ စမ်းသပ်လိုက်သည်။

သို့သော် ရုတ်ချည်းဆိုသလိုပင် သူ၏ လက်သီးက ရှုချန်း၏ ဖမ်းဆုပ်ခြင်း ခံရပြီး အမာရွတ်မျက်နှာလီက အမှိုက်တစ်စပမာ နံဘေးသို့ ကိုင်ပေါက် လွှင့်ပစ်ခံလိုက်ရသည်။

အမာရွတ်မျက်နှာလီက မြေပေါ် လေးငါးခြောက်ပတ် လိမ့်သွားပြီးနောက် ဖုန်များအဖွေးသားဖြင့် ကြောင်အအ ပြန်ကြည့်နေခဲ့သည်။ ရှုချန်းက သူ့ကို လေထဲ လွှင့်ပစ်လိုက်နိုင်သည်အထိ ထိုမျှသန်မာ နေမည်ဟု သူမထင်ထားခဲ့ပေ။

ရှုချန်းသည်လည်း နောက်ပြန်လှည့်ကြည့် လိုက်သည်။ ပြီးနောက် အမာရွတ်မျက်နှာလီ ပြန်မထနိုင်သေးမီ ရှုချန်းက သူ့ထံ လျှောက်လာရင်း ပြော၏။

"နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲ ဆိုတာ မင်းကို ပြပေးရတာပေါ့.."

အမာရွတ်မျက်နှာလီက ကုန်းထကာ မြင်းထိုင်ထိုင်ရင်း အခြား ထိပ်တန်းစစ်သည် ငါးဦးကို အော်ပြောလိုက်သည်။

"မင်းတို့ ဘာကို စောင့်နေကြတာလဲ.. သူ့ကို အရင်သတ်ကြ.."

အခြားသူများက ထိပ်တန်းစစ်သည်ဟူသော မာနကြောင့် တင်းခံထားကြသည်။ သူတို့က အဖွဲ့ဖွဲ့၍ ရှုချန်းကို ရင်မဆိုင်လိုချေ။ ထိုနည်းဖြင့် နိုင်ခဲ့လျှင်ပင် မတရားဟု ခံစားနေရသည် မဟုတ်ပါလား။ သူတို့ တွေဝေတုန့်ဆိုင်းနေစဉ် ရှုချန်းက အမာရွတ်မျက်နှာလီကို လက်သီးတစ်ချက် ထပ်မံ ပစ်ကျွေးလိုက်ပြန်သည်။

အမာရွတ်မျက်နှာလီက သူ၏ သန်မာသော လက်မောင်းအား ဖြင့် ပြန်ကာရန် ကြိုးစားသော်လည်း ပြင်းထန်လွန်းသည့် အင်အားအရှိန်က သူ၏ လက်မောင်းများကို ပျော့ခွေ သွားစေပြီး နောက်သို့ အကြိမ်အနည်းငယ် လွင့်ထွက်သွားပြီးမှ ထိုလက်သီးချက်၏ အင်အားကို ချေဖျက် နိုင်လိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now