၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )

75 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၅၁

( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )

ရဲအရာရှိ ဖြစ်ကြောင်း သိလိုက်သောအခါ ဧည့်ကြိုက

"ခဏလောက် စောင့်ပါ... " ဟု ပြောလိုက်သည်။

ထို့နောက် အတွင်းရေးမှူးမှတစ်ဆင့် ဥက္ကဌအား အကြောင်းကြားလိုက်၏။ ခေတ္တမျှ အကြာတွင်တော့

"လွှတ်လိုက်ပါ..." ဟူသော အကြောင်းပြန်လာသည်။

ထို့ကြောင့် ဧည့်ကြိုက ယဉ်ကျေး သိမ်မွေ့သော ခြေဟန်လက်ဟန်ဖြင့်...

"ကျေးဇူးပြုပြီး ကျွန်မ နောက်ကိုလိုက်ခဲ့ပါ..." ဟု ပြောလိုက်သည်။

ထို့နောက် ရှုချန်းနှင့် ဝူကန်း လည်း ဧည့်ကြိုခေါ်ဆောင်ရာ ဓာတ်လှေကားအတိုင်း ဥက္ကဌရုံးခန်း တည်ရှိရာ အမြင့်ဆုံးထပ်သို့ တက်သွားခဲ့သည်။

ရှုချန်းတို့နှစ်ဦး ရုံးခန်း အထဲသို့ ဝင်သွားသည်နှင့် ဧည့်ကြိုက အပြင်မှ တံခါးပိတ်လိုက်သည်။ ကျယ်ဝန်းလှသော ဝရံတာတွင် ဂေါက်ရိုက်နေသော သတ်လတ်ပိုင်းအရွယ် ဥက္ကဌကို တွေ့လိုက်ရ၏။

ရှုချန်းက ဝူကန်း ကို ထိုင်ထားခိုင်းပြီး ဥက္ကဌရှိရာ လသာဆောင်ဆီသို့ ထွက်သွားလိုက်သည်။

ဥက္ကဌက လေသံ ကျွတ်ဆတ်ဆတ်ဖြင့်...

"မပူးပေါင်းရင် ခင်ဗျား ကျုပ်ကို ဘာလုပ်မှာလဲ..."

ရှုချန်း ရယ်မောလိုက်၏။

"ဥက္ကဌ ရမ် ... ခင်ဗျား ဘာလို့ ဒီလိုပြောတာလဲ..."

ဂေါက်သီးကို တွင်းပေါက်ထဲသို့ ဝင်အောင် ရိုက်လိုက်ပြီးနောက် ဥက္ကဌက ရှုချန်းကို လှည့်ကြည့်လိုက်၏။

"ရိုးရိုးသားသားပြောရရင် မင်းက ရှန်ချန်းတစ်မြို့လုံးကို ထိတ်လန့်သွားစေခဲ့တယ်... အရင်ဆုံး မြောက်ပိုင်း တံခါးဝဂိုဏ်းကို ဖျက်ဆီးတယ်... အခု အနောက်တံခါးဝဂိုဏ်းလည်း ပျက်စီးလုနီးနီး ဖြစ်နေပြီ... နှစ်ရှည်လများ တန်ခိုးထွားခဲ့တဲ့ ဂိုဏ်းနှစ်ခုလုံးကို မင်းက အလွယ်တကူ ဦးချိုးလိုက်တာ မြင်ရတယ်... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒုစရိုက်လောကကသူတွေ အားလုံး မင်းကိုကြောက်နေကြပြီ..."

နတ်နဂါးစစ်သည်Where stories live. Discover now