အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )

60 7 0
                                    

နတ်နဂါးစစ်သည်

အပိုင်း ၂၅၆

( နှစ်လေး )

ရှုချန်းက ထပ်မံ မေးခွန်းထုတ်လိုက်သည်။

"ဒါဖြင့် နဂါးဓားတစ်လက်ချင်းစီနဲ့ ပိုကာကဒ်တွေက ဘယ်လို အဓိပ္ပါယ် သက်ရောက်မှု ရှိမလဲ"

အဘိုးအိုက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"ဒါက အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ခွန်အားနဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားတာ။ နံပါတ်ပိုကြီးလေ အဖွဲ့ဝင်ရဲ့ ခွန်အားနဲ့စွမ်းဆောင်ရည်က ပိုမို ကြီးမားလေပဲ"

ရှုချန်းတစ်ယောက် စိတ်လှုပ်ရှား ရင်ခုန်သွား၏။ သူက အငမ်းမရ မေးမြန်းလိုက်သည်။

"ဒါဖြင့် ကျွန်တော့်ရဲ့ ကဒ်နံပါတ်က ဘယ်လောက်လဲ"

အဘိုးအိုက သူ့အား ဖျတ်ခနဲကြည့်ကာ ပြောလိုက်သည်။

"၂ ... အဖွဲ့လေးဖွဲ့ထဲမှာ အဖွဲ့ဝင်အင်အား အနည်းဆုံးဖြစ်တဲ့ ထောင့်အဖွဲ့ရဲ့ ... ကဒ် နံပါတ် ၂"

"၂ ဟုတ်လား"

ရှုချန်း၏ စိတ်တို့ လှုပ်ရှားသွားသည်။ ထိုအကြောင်း စဉ်းစားလိုက်သည်နှင့် သူ ရင်ခုန်လာ၏။

"ဒါဖြင့် ကျွန်တော်က အနိမ့်ဆုံး A ထက်တော့ ကြီးတယ် မဟုတ်လား။ အဖွဲ့ထဲမှာ အငယ်ဆုံးတော့ မဟုတ်ဘူး မှတ်လား"

အဘိုးအိုက သူ့အား မျက်စောင်းထိုးကာ ပြောလိုက်၏။

"မင်းကိုယ်မင်း အရမ်း အထင်ကြီးလွန်းနေတာပဲ။ နဂါးတပ်ဖွဲ့တစ်ခုလုံးမှာ ကဒ် (၅၄) ကဒ်က အရေးကြီးဆုံး အဖွဲ့ဝင်တွေကို ကိုယ်စားပြုထားတာ။ 10, J, Q, K နဲ့ A တို့က လျှို့ဝှက်အဖွဲ့ဝင်တွေ တစ်နည်း ဝှက်ဖဲတွေ။ ဒါ့အပြင် A ကဒ်ဟာ အဖွဲ့ရဲ့ ကောင်းကင်ဧကရာဇ်လည်း ဖြစ်တယ်။ အဖွဲ့လေးဖွဲ့မှာ စုစုပေါင်း ကောင်းကင်ဧကရာဇ် (၄) ပါး၊ မြေဧကရာဇ် (၁၂) ပါး (J, Q, K) ရှိတယ်။ ကဒ် နံပါတ် 10 က ကျန်အဖွဲ့ဝင်တွေအားလုံးထက် ပိုအဆင့်မြင့်တဲ့ အထက်တန်းအဖွဲ့ဝင်တွေကို ကိုယ်စားပြုတယ်။ ဒီတော့ ကဒ်နံပါတ် (၂) က အားလုံးထဲမှာ အငယ်ဆုံးကဒ်ပဲ။ စပိတ်၊ ဟက်၊ ညှင်း၊ ထောင့် ဆိုတဲ့ ကဒ်အစဉ်အတိုင်း စီချလိုက်ရင် ပါဝါအရရော၊ ဂဏန်းအရရော ကဒ်နံပါတ် (၂) က အငယ်ဆုံးပဲ။ ပြောရရင် နဂါးတပ်ဖွဲ့မှာ မင်းက အငယ်ဆုံးပဲ"

နတ်နဂါးစစ်သည်Where stories live. Discover now