အခန်း ၁၄၀

67 5 0
                                    


နတ်နဂါးစစ်သည်

အခန်း ၁၄၀

( ခင်ဗျားရဲ့ စီနီယာ တစ်ယောက် အနေနဲ့ အကြံဉာဏ် နည်းနည်းပါးပါး ပေးနိုင်ပါတယ်...)

ရှန်ဝမ်ဆန်း ခေတ္တ အံ့ဩသွားပြီး ဒေါသတကြီးဖြင့် " သူက ရဲတပ်ဖွဲ့ရဲ့ ကျားဘွဲ့ ပေးခံထားရတဲ့သူ ဖြစ်နေရင်တောင် အဖွဲ့ခေါင်းဆောင်လေးပဲ... ကျုပ် သမီးကို ချဉ်းကပ်တာကြည့်ရင် သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် တစ်ခု ရှိမှာသေချာတယ်... ဒီကောင့်မှာ ပိုက်ဆံရော အာဏာရော မရှိဘူး... ကျုပ် သမီးက ပိုက်ဆံရှိတယ်... ဒီကောင့် ခြေလှမ်းတွေ ကျုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်... "

ထို့နောက် ယာဉ်မောင်းကို ကြည့်လိုက်ပြီး...

" ပင်စင် မယူခင်က ခင်ဗျားက သက်တော်စောင့် စစ်သား တစ်ယောက်လို့ ပြောတယ် မဟုတ်လား... ဒါဆို ရှုချန်းကို အနိုင်ချနိုင်မလား... "

ယာဉ်မောင်းတွင်လည်း မာနရှိ၏။ သူဌေး၏ စကားကို ကြားသောအခါ ဟက်ကနဲ ရယ်မောလိုက်ပြီး...

" သူဌေး... ခင်ဗျား ကျုပ်ကို သူနဲ့ ယှဉ်လိုက်တာက ကျုပ်ကို စော်ကားလိုက်တာပဲ... "

" ဝိုး.. "

ရှန်ဝမ်ဆန်း က ယာဉ်မောင်းအား ပိုမို အထင်ကြီးစွာ မကြည့်မိပဲ မနေနိုင်တော့။

" ဒါကို ပြောရမယ်ဆိုရင်... ခင်ဗျားကို ကျုပ်ရဲ့ သက်တော်စောင့်ရော ယာဉ်မောင်းပါ ခန့်ထားတာ နှစ်တွေ မနည်းတော့ဘူး... အခုထိ ခင်ဗျား ခွန်အား အစစ်ကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူး... သာမန်နေ့တွေမှာ လူရမ်းကားတွေ အနိုင်ကျင့်တဲ့ သူတွေကို ခင်‌ဗျား အလွယ်တကူ ကိုင်တွယ်နိုင်ပုံပဲ... ဒါပေမဲ့ အဲဒါ ခင်ဗျားရဲ့ အမြင့်ဆုံး ခွန်အား မဟုတ်သေးဘူးလို့ ကျုပ်ထင်တယ်... ဟုတ်တယ်ဟုတ်... "

ယာဉ်မောင်းက လက်လေးချောင်း မြှောက်ကာ ဂုဏ်ယူဝံ့ကြွားသော မျက်နှာဖြင့်...

" ၄၀ %... ပုံမှန်အားဖြင့် ကျုပ်ရဲ့ စွမ်းအား ၄၀ % ထက် ပိုပြီး ဘယ်တော့မှ မသုံးဘူး... သူဌေး... ကျုပ်တို့ သက်တော်စောင့် စစ်သားတွေရဲ့ သဘောသဘာဝကို ခင်‌ဗျား မရင်းနှီးနိုင်လောက်သေးဘူး... နိုင်ငံတဝှမ်းမှာ ရှိတဲ့ စစ်ဒေသ ၃၆ ခုထဲက အတော်ဆုံး စစ်သားတစ်ယောက်စီကို ငါးနှစ် တစ်ကြိမ် တရားဝင် ရွေးချယ်တယ်... အဲဒီ စစ်သား ၃၆ ယောက်က ကျင်း မြို့တော်က နိုင်ငံ အရာရှိတွေကို အနီးကပ် ကာကွယ်စောင့်ရှောက်ပေးရမယ့် သက်တော်စောင့်တွေ ဖြစ်လာလိမ့်မယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now