79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)

108 9 0
                                    

နတ်နဂါးစစ်သည်
အခန်း ၇၉
( ကြောက်မက်ဖွယ်ရာတို့၏ အစ )

" ဘာမှ မဟုတ်ဘူး... အပြင်က အသံတွေကြောင့် မှန်းကြည့်လိုက်တာ... "

ရှုချန်း ရယ်မောကာ ပြောလိုက်သည်။

ရှန်ယောင်က " နင် နှာခေါင်းသွေး လျှံနေတယ်... "

" ဘာမှ မဖြစ်ပါဘူး... "

" ဆရာဝန် ခေါ်ပေးရမလား... "

ရှန်ယောင် စိုးရိမ်တကြီး မေးလိုက်သည်။

" ရတယ်... အဆင်ပြေပါတယ်... "

ရှန်ယောင်‌ ခေါင်းညိတ်လိုက်၏။ အခန်းတွင်း၌ အပူပေးစက် ရှိနေ၍ သူမ၏ အပေါ် ဂျက်ကတ် အင်္ကျီကို ချတ်ရန် ပြင်လိုက်၏။

သို့သော် ရှုချန်းက " မချွတ်နဲ့... "

ယန်ကျင်းရော ရှန်ယောင်ပါ သူ့အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

" နင် ဘာတွေ ဖြစ်နေတာလဲ... "

ရှန်ယောင်က အင်္ကျီကို ချွတ်ကာ ချိတ်လိုက်ရင်း မေးလိုက်၏။

" မအေးဘူးလား... "

ရှုချန်း စကားလမ်းကြောင်း လွှဲလိုက်၏။

" ဒီမှာ အပူပေးစက် ရှိနေတာပဲလေ... "

" ဒါဆိုရင်လည်း အဝတ်လှမ်းစင်ကို ပြတင်းပေါက်ဘေး ရွေ့ပေးလို့ ရမလား... "

" ဘာလို့လဲ... "

" လူသတ်သမားတွေထဲမှာ စနိုက်ပါသမား ပါနေရင် ဘယ်လို လုပ်မလဲ... ပြတင်းပေါက်ကနေ ငါ့ကို လှမ်းပစ်လို့ ရတယ်... "

ရှုချန်း၏ စကားမှာ ယုတ္တိရှိ၍ ရှန်ယောင်လည်း အဝတ်လှမ်းစင်ကို ပြတင်း‌ပေါက် နံဘေးသို့ ရွှေ့လိုက်၏။

ထို့နောက် ရှုချန်းလည်း မျက်လုံးများ အသာ မှိတ်လိုက်၏။ သို့သော် သူ အိပ်မပျော်။ ဤကဲ့သို့ အံ့ဖွယ် စွမ်းရည်ကို ရှာဖွေတွေ့ရှိပြီးနောက် စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်ပေ။

မျက်လုံးမှိတ်ထားသော်လည်း အာရုံစူးစိုက်ကြည့်လိုက်သည်။ ယခုအခါတွင် အလေ့အကျင့် ရှိလာပြီ ဖြစ်၍ အာထရာစိုးနစ် လှိုင်းများကို ပိုမို လွယ်ကူစွာ ထိန်းချုပ်လာနိုင်လေပြီ။

နတ်နဂါးစစ်သည်Where stories live. Discover now