အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )

55 5 0
                                    

နတ်နဂါးစစ်သည်

အပိုင်း ၂၇၆

(သူ့ကို ဒီမှာ ထိန်းသိမ်းထား )

အနောက်ခန်းအတွင်းမှ ပိုင်ရီ နှင့် ပွဲသုံးသပ်သူတို့နှစ်ဦးစလုံး အတန်ကြာ နှုတ်ဆိတ်သွားကြ၏။

ပိုင်ရီ က "သူ့မှာ ၁ နှစ်ကဒ် တကယ် ရှိနေတယ်လို့ မင်း ထင်နေတာလား။ ဒါမှမဟုတ် သူက ကျုပ်လူနှစ်ယောက်ကို ကလေးအထာနဲ့ ဖြဲခြောက်ဖို့ ကြိုးစားနေတာလား"

ပွဲသုံးသပ်သူက ခေါင်းကိုခါယမ်းလိုက်၏။

"ကျုပ်အထင်တော့ သူ လိမ်နေတာ ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ဝိုင်းထဲမှာ အနည်းဆုံး လောင်းကြေး သန်းရာဂဏန်း ဝင်နေပြီ။ ဖဲမကောင်းဘဲနဲ့ ဖြဲခြောက်ဖို့ဆိုတာ လုံးဝ အတွေ့အကြုံများတဲ့ လောင်းကစား ကဝေတွေမှ လုပ်နိုင်တာမျိုးဗျ။ ဒါမှမဟုတ် အဲဒီလူကပဲ ဖဲဘယ်လိုကစားရတယ်ဆိုတာ မသိတာလား။ မစ္စတာ ပိုင်ရီ ... မစ္စတာရှုဆိုတဲ့လူအကြောင်း ခင်ဗျား ဘယ်လောက် သိထားလဲ"

ပိုင်ရီ က ခေါင်းညိတ်ပြလိုက်သည်။

"နည်းနည်းပါးပါးပါ။ သူ့ဦးနှောက်ဉာဏ်ရည်က လုံးဝ ထက်မြက်တာတော့ အသေအချာပဲ။ ပြီးတော့ သူက အန္တရာယ်တွေကြားမှာ စွန့်စားရတာကို ပျော်မွေ့တဲ့လူ။ သူ့ရဲ့ စိတ်ပညာရပ်ဆိုင်ရာ အရည်အချင်းတွေကလည်း ထိပ်တန်းအဆင့်မှာ ရှိတယ်"

ပွဲသုံးသပ်သူမှာ ပြဿနာ တစ်စုံတစ်ခုနှင့် ကြုံရတော့မလို ခံစားလိုက်ရသည်။

"တကယ်တမ်း ပညာရှင်ဆန်ဆန် ရှူထောင့်ကပြောရရင် သူ့လုပ်ကွက်တွေက ဖြဲခြောက်နေတာ သက်သက်ပဲ။ ဒါပေမဲ့ သန်း ၅၀၀ တိတိ လောင်းကြေးတင်လိုက်တဲ့ သူ့လုပ်ရပ်က စတီဗင်မှာ ပါသမျှ ပိုက်ဆံ အကုန် အနိုင်ပိုင်းဖို့ ကြိုးစားနေမှန်း သိသာလွန်းနေပြန်ရော။ ဘာပဲပြောပြော သူသာ စတီဗင် နောက်ပြန်ဆုတ်သွားအောင် ဖိအားပေး ခြောက်လှန့်နေတာ ဆိုရင် သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဖဲအပွင့်က စတီဗင်ရဲ့ ဖဲအပွင့်ထက် ပိုကြီးနေလို့ပဲ ဖြစ်ရမယ်။ နောက်ဆုံးကျန်တဲ့ ၁ တစ်ကဒ် ကျနိုင်ခြေ ၂ ရာခိုင်နှုန်းပဲ ရှိတယ် ဆိုပေမယ့် တစ်ခါတလေကျတော့ လူတစ်ယောက်ရဲ့ကံက အနိုင်ရချင်ပြီဆိုရင် ဘယ်သူမှ တားဆီးလို့ မရအောင် ကောင်းနေတတ်တာမျိုးဗျ"

နတ်နဂါးစစ်သည်Where stories live. Discover now