အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )

115 14 0
                                    

နတ်နဂါးစစ်သည်
အခန်း ၉၅
(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )

လင်ချူရွယ်၏ အမေက အပြင်ဘက်သို့ လှမ်းကြည့်ရင်း ရယ်မောကာ ပြောသည်။
“နင့်အဖေက အရမ်းလွန်တယ်.. သူက ပျင်းလာတိုင်း ရှုချန်းနဲ့ပဲ လက်ရည်စမ်းချင်နေတယ်.. ဗြိတိန်က ကာရာတေး သမားတွေ တိုက်ခိုက်ရေး သင်တန်းတွေမှာ သူနဲ့ ရင်ဆိုင်တဲ့သူ အများစုက အလျော့ပေး အရှုံးပေးကြတာ များတယ်လေ.. သူက ချမ်းသာပြီး ဂုဏ်လည်းရှိတာကိုး.. ဒါပေမယ့် ရှုချန်းကတော့ သူ့ကို မညှာတဲ့အတွက် နင့်အဖေက ရှုချန်းနဲ့ အမြဲလက်ရည်စမ်း ချင်နေတာ.. ရှုချန်းကလည်း နင့်အဖေကို အနိုင်မယူနိုင်ဘူး ဆိုတာ သိတော့ အများကြီး အရိုက်နှက် မခံရအောင်ပဲ ရှောင်ရမယ်..”

လင်ချူရွယ်က မျက်လုံးရွဲကြီးများဖြင့် ကြည့်ရင်း ပြောသည်။
“အဖေက ရှုချန်းကို မခံချင်အောင် တမင်ပြောပြီး ဆွနေတာ သမီးမသိဘူး ထင်လို့လား.. ရှုချန်းက အစွမ်းကုန် မထုတ်သုံးရင် အဖေက ပြောလိမ့်မယ် ‘မင်းအဖေတုန်းကဆို ငါ့ကို အမြဲတန်း အနိုင်ယူနေကျ’ ဆိုပြီး.. အဲ့အခါကျ ရှုချန်းကလည်း  အစွမ်းကုန်ထုတ်သုံးလိမ့်မယ်.. ပါပါးရှုက သူ့ရဲ့ အဓိက အားနည်းချက် ဆိုတာ အားလုံးလဲ သိနေတာပဲကို..”

အခန်းအပြင်ဘက်တွင်တော့ ရှုချန်းက လက်တစ်ဖက်ဆန့်ထုတ်ရင်း လင်ကွေ့ရန်ကို ပြောလိုက်သည်။ “အဖေ.. တိုက်ကွက် အရင်ထုတ်ပါ…”

“ငါ့ကို တိုက်ကွက် အရင်ထုတ်ခိုင်း စေချင်တယ်လား နွားလေး.. မင်းသာ တိုက်ကွက်အရင်ထုတ်..” လင်ကွေ့ရန်က ဆဲဆိုရင်း ပြန်ပြော၏။
ရှုချန်းက မျက်လုံးများ မှေးကျဉ်းရင်း ပြန်တုန့်ပြန်သည်။

“အဖေ တိုက်ကွက် အရင်ထုတ်မယ်ဆိုရင် အကွက်နည်းနည်း ပြဖို့ အခွင့်ရေး ရှိနိုင်ဦးမယ်.. ကျွန်တော်သာ တိုက်ကွက် အရင်ထုတ်ရမယ် ဆိုရင် အဖေ တစ်ကွက်မှတောင် မလှုပ်ရှားနိုင်ပဲ ဖြစ်သွားမှာစိုးလို့ပါ.. အဖေ့ရဲ့ နာမည်ကျော် တိုက်ကွက်တွေ ထုတ်သုံးလေ.. ကျွန်တော့်ကို အနိုင်ယူနိုင်ရင် ကျွန်တော် အဖေနဲ့ အတူ အင်္ဂလန်ကို ပြန်လိုက်မယ်..  ရီမိသားစု အကြောင်း အိမ်မက်တောင် ထည့်မမက်တော့ဘူးလို့ ကတိပေးတယ်..”

နတ်နဂါးစစ်သည်Where stories live. Discover now