အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)

163 13 0
                                    

Ace OF The Dragon Division
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၇ - အလှနတ်သမီး၏ အခြွေအရံများ

ယန်ကျင်းက အိမ်ချက်စတိုင် ဟင်းပွဲ အချို့ကို မှာယူခဲ့သည်။ ထို့နောက် နှစ်ယောက်သား စားသောက်နေကြစဉ်၌ ရှုချန်းအား မေးခွန်း မျိုးစုံဖြင့် စတင် မေးမြန်းလေတော့သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ယောကျ်ားသားများ၏ မျက်လုံးများက ယန်ကျင်းအပေါ် ကျရောက်ရမည့်အစား ရှုချန်းကိုသာ သတ်ဖြတ်တော့မည့်မလား စူးရဲစွာ စိုက်ကြည့်နေကြသည်။ ယန်ကျင်း၏ အကြံအစည်မှာတော့ ရိုးရှင်းသည်။ ဤ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် သူမ မည်မျှ နာမည်ကျော်ကြားကြောင်း၊ သူမ ကဲ့သို့ အလှအပမျိုးကို ယောကျ်ားသားတိုင်း ညွတ်ဆင်းသွားရကြောင်း သက်သေပြလိုခြင်းသာ ဖြစ်သည်။ အမှန်တကယ်ပင် မှုခင်း စုံစမ်းစစ်ဆေးရေးဌာနရှိ လုပ်ဖော်ကိုင်ဖက် အမျိုးသားတိုင်းသည် သူမနှင့် စကားပြောခွင့်ရရန်အတွက် ဒူးထောက်လိုထောက်ရ ပေးဆပ်ရန် အသင့် ရှိနေကြလေသည်။

ထိုကဲ့သို့ ချောမောလှပ၍ နာမည်ကျော်ကြားလှသော မိန်းမမျိုးကို ရှုချန်းက စိတ်ပင် မဝင်စားဟု ဆိုခဲ့လေရာ၊ ၎င်းက ယန်ကျင်းအား အနည်းငယ် စော်ကားလိုက်သလိုပင်။ ထို့ကြောင့်လည်း သူ၏ အမြင်အာရုံများ ချို့ယွင်းနေကြောင်းကို သက်သေပြရန် ဤ နေရာသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။

ဤ မနက် ဖြစ်ပျက်ခဲ့သော အခြေအနေအရ ယန်ကျင်းနှင့် ခွန်အားချင်း ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်တော့သည်ကို သူမ သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူမ၏ အလှအပကို မက်မောသူ နောက်လိုက်အပေါင်းတို့ကိုသာ ယခု ထုတ်မပြထားလျှင် နောက်အခါ အတူ နေချိန်၌ ရှုချန်းဘက်မှ ပို၍ ရဲတင်း ကြမ်းတမ်းလာမည်ကို စိုးရိမ်နေမိ၏။

ထိုစဉ် ကတုံးဆံပင်ပေါက်နှင့် အစိမ်းရောင် လည်သာ ဂျက်ကက်ကို ဝတ်ဆင်ထားသော ထောင်ထောင်မောင်မောင်း ယောကျ်ားသား တစ်ဦး ရောက်လာပြီး သူ၏ အပေါင်းအဖော် သုံးယောက်သည်လည်း ရှုချန်းတို့၏ စားပွဲကို ဝိုင်းလိုက်ကြကာ...

နတ်နဂါးစစ်သည်Where stories live. Discover now