၁၆၉( ငါပြန်လာပြီ )

65 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၆၉

( ငါပြန်လာပြီ )

L မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ရှိ စစ်တပ်ကာကွယ်ရေးဇုန်မှာ စစ်ဒေသငါး၏ ပိုင်နက် ဖြစ်သည်။ စစ်ဒေသငါး တစ်ခုလုံးတွင် တပ်သား ၅၀၀၀ ခန့် ရှိ၏။ နှစ်စဉ် အခြားတပ်ဖွဲ့များသို့ စေလွှတ်ရသော တပ်သားများ ရှိသော်လည်း ပြန်လည်ဝင်ရောက်လာသော တပ်သားသစ်များကလည်း များပြားလှပေသည်။

ဝမ်ကျောက် က ယခင်တုန်းက စစ်ဒေသငါးအတွက် လွန်စွာ ဂုဏ်ယူဝံ့ကြွားခဲ့၏။ စဉ်းစားကြည့်ပါ။ စစ်ဒေသ တစ်ခုချင်းစီတွင် စစ်သား ၅၀၀၀ ခန့် ရှိလျှင် စစ်ဒေသ ၃၆ ခုတွင် စုစုပေါင်း စစ်သား ၁.၈ သန်းခန့် ရှိပေလိမ့်မည်။ ထို ၁.၈ သန်းအနက်မှ အတော်ဆုံး ၃၆ ဦးကို သက်တော်စောင့်များအဖြစ် ရွေးချယ်ပေလိမ့်မည်။ ထိုကဲ့သို့ ရွေးချယ်ခံရရန်မှာ လွန်စွာ ရှားပါးလှ၏။

သို့သော် ထိပ်တန်းစစ်သည်တော် သုံးဦးဖြစ်သည့် ရှုချန်း၊ လျူရီနှင့် လော့ဝေတို့ ထွက်သွားပြီးကတည်းက စစ်ဒေသငါးမှာ အခြားသော ထိပ်တန်း စစ်သည်တော်များ ထပ်မံမွေးထုတ်ပေးနိုင်ခြင်း မရှိတော့သည့်အတွက် ပြိုင်ပွဲများတွင် အခြားစစ်ဒေသများ၏ လှောင်ပြောင်ရယ်မောစရာတစ်ခု ဖြစ်နေခဲ့တော့သည်။

ထိုကဲ့သို့ လှောင်ပြောင်ခြင်းများကြောင့် စစ်ဒေသငါးမှ တပ်သားသစ်များ လွန်စွာ ဒေါသထွက်ကြ၏။ ထို့ကြောင့်လည်း ဒေါသတကြီး ပြန်လည် ငြင်းခုံ တုံ့ပြန်တတ်ကြပေသည်။

စစ်ဒေသငါးမှ စစ်သား...

"တခြားစစ်ဒေသတွေ သိပ်ပြီး ပျော်မနေနဲ့ဦး... စစ်ဒေသငါးက ခဏလေး အခက်အခဲ ကြုံနေတာ... အနာဂတ်မှာ သေချာပေါက် ပြန်ပြီး ထွန်းတောက်လာမှာ... စစ်ဒေသငါး ပြန်လာမှာ..."

စစ်ဒေသ ၂၀ မှ တပ်သားက ...

"မင်းတို့တွေက စစ်ဒေသငါးလို့သာ ပြောတာ မနှစ်က အဆင့် ၂၈ ပဲရတယ်... ငါတို့ရဲ့ စစ်ဒေသ ၂၀ က‌ အဆင့် ၁၁ ရတယ်... မင်းတို့ အဲလိုအဆင့်မျိုး ရဖူးလား..."

စစ်ဒေသရှစ်မှ တပ်သားကလည်း ...

"ငါတို့က ဘာကိစ္စမလှောင်ရမှာလဲ... ငါတို့ စစ်ဒေသရှစ်က အဆင့်ငါးရတာတောင် ဘာမှအသံမထွက်ဘူး... မင်းတို့ရဲ့ အဆင့် ၂၈ ရတဲ့ စစ်ဒေသက ကောင်တွေက ဘာတွေ လေကြီးနေတာလဲ... မင်းတို့တကယ်ပဲ အရင်လို ပြန်ဖြစ်ဖို့ ကြိုးစားနေတာလား... ဒါပေမဲ့ စစ်ဒေသငါးက တကယ့်အမှိုက်ထုပ်ပဲဆိုတာ သိရဲ့လား... မင်းတို့ ဒါကိုတော့ မငြင်းနိုင်ပါဘူး..."

နတ်နဂါးစစ်သည်Where stories live. Discover now