002:နှလုံးသားမဲ့မီး

1.9K 283 9
                                    

Unicode

နေ့ခင်းဘက်တွင် ကျင်းပခဲ့သောပြိုင်ပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။

ချင်ယွီသည် ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ် ကစားခဲ့သည်မှာ ချွေးများ ရွှဲနစ်နေသည် အထိပင်။

အခုတော့ ရေချိုးပြီးသည့်တိုင် သူ့လက်ကောက်
ဝတ်သည် ယောင်နေသေးသည်။

ဖွင့်နေကျမဟုတ်ပဲ သူ့ကွန်ပျူတာကို ဖွင့်လိုက်သည်။

ဂိမ်းထဲကို အောင်အောင်မြင်မြင် အကောင့်ဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းရင်းဖြင့် ရေခဲသေတ္တာထဲက 7 Up အအေးဗူးကို ယူဖို့ ထမင်းစားခန်းကို သွားလေသည်။

ချင်ယွီသည် ကွန်ပျူတာစီသို့ ပြန်လှည့်လာရင်း အအေးဗူးပေါ်ရှိ ကွင်းလေးကို လက်ချောင်းများဖြင့် ဆွဲကာ ဖွင့်လိုက်သည်။

ရေပုတီးစေ့လေးတစ်စေ့သည် သူ့ခေါင်းမှ လျှောဆင်းလာကာ လည်ပင်းတွင်ချိတ်ထားသော အဖြူရောင် မျက်နှာသုတ်ပုဝါထဲသို့ ဆက်လက်ကျဆင်းသွား၍ ညှပ်ရိုးပေါ်သို့ လျှောကျလာပြီး နောက်ဆုံးတွင် စွပ်ကျယ်အင်္ကျီအောက်မှ ဝှက်ထားသည့် သူ့ရင်ဘတ်ပေါ်တွင် ရပ်သွားတော့သည်။

ချင်ယွီသည် သူ့၏7 up အချိုရည်ကို သောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ရဲ့လက်ကို ကီးဘုတ် ပေါ်သို့ လှမ်းလိုက်သည်။

သူသည် Screenကို တစ်ချက်ကြည့်လိုက်ကာ အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏သူငယ်ချင်းများ စာရင်းတွင် သူ့အတိတ်၏ "အပိုင်းအစ" လေးသည် ရုတ်တရက်ပေါ်လာသောကြောင့်ပင်။

နှလုံးသားမဲ့ မီး」 → 「နတ်သမီးလေးကျင့်」:「? 」

စက္ကန့်အနည်းငယ်ကြာပြီးနောက် နတ်သမီးလေးကျင့် က စာပြန်လာခဲ့သည်။

"......"

ချင်ယွီ၏ အာဒမ်ပန်းသီးသည် လှူပ်ရှားသွားသည်။ စက္ကန့်အနည်းငယ်ကြာအောင် သူ ကျောက်ရုပ်ဖြစ် သွားသည် မှာ သူ့စားပွဲပေါ်ရှိ စမတ်လက်ပတ်က ရုတ်တရက် လင်းလက်လာပြီး သာယာတဲ့အသံကိုမ ကြားခင်ထိပင်။

"ငါ့ရဲ့ မပြည့်စုံတဲ့ အိပ်မက်- မင်း ငါနဲ့ အတူ မက်တယ်။

ငါ့ရဲ့မပြည့်စုံတဲ့ သတ္တိ—မင်းပြောတာက အဲ့ဒါက ပိုပြီးရဲရင့်စေတယ်..."

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now