066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း

941 167 6
                                    

Unicode

ဟုန်တုန်ယွမ် ရှေ့ထွက်ရမယ့် အလှည့်ရောက်သော် သူ့ရင်ဘတ်ပေါ်လက်တင်၍ တိတ်တဆိတ်
ဆုတောင်းခဲ့သည်။

' ကျေးဇူးပြုပြီး Monster မဖြစ်ပါစေနဲ့

အာ ~ Monster ဖြစ်ရင်တောင် ဉာဏ်မမှီပါနဲ့။
အာ ~ ဉာဏ်မှီတဲ့ Monster ဖြစ်ရင်တောင် ကျေးဇူးပြုပြီး သင်္ချာပုစ္ဆာတွေကို မမေးပါစေနဲ့
အာ ~ သင်္ချာပုစ္ဆာတွေကို မေးရင်တောင် ကျေးဇူးပြုပြီး ငါမှန်မှန်ကန်ကန်ဖြေနိုင်တဲ့ လွယ်တဲ့မေးခွန်း
တစ်ခု ဖြစ်ပါစေ ... '

သူ့စိတ်ကိုပြင်ဆင်ပြီးသည်နှင့် ချီထန် သည် ထိုင်ချလိုက်ပြီး နောက်သေတ္တာကို ဖွင့်လိုက်သည်။ ချက်
ချင်းပင် သူတို့ရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာလေသည်။ ရတနာ၊ အဲဒါ ရတနာသေတ္တာကွ ( ⊙o⊙ )

မီး : "အာ ဘယ်လိုတောင် ကံကောင်းရတာလဲ"

ကိုးခန်းမအရှင်မင်းမြတ်: "ဟုတ်တယ် ငါတို့ ဒုတိယအကြိမ် ကြိုးစားရုံနဲ့တင် ရတနာသေတ္တာ ဖွင့်မိလိုက်တာ!"

ဟုန်တုန်ယွမ် ပင်လျှင် သူ့ကံကြမ္မာကြောင့် အံ့အားသင့်ခဲ့ရပြီး တုံ့ပြန်ရန် အချိန်အတော်ကြာခဲ့ပေသည်... သူ့တုံ့ပြန်မှု ထွက်ပေါ်လာသောအခါတွင် တော့ ပျော်လွန်းလို့ မျက်ရည်တောင်ဝဲနေပါပြီနော်!

နောက်အခိုက်အတန့်တွင်တော့ Worldချန်နယ်တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာတော့သည်-

ကစားသမား "ကြီးမြတ်တဲ့ စင်ဂယ်လေး"သည် လျှို့ဝှက်ဆန်းကြယ်သော ရတနာသေတ္တာကို တွေ့ရှိခဲ့ပြီး ကျောက်တုံးပြာ နှင့် လျှို့ဝှက်ကျက်သရေကို ရရှိခဲ့သည်။"

ကိုးခန်းမ အရှင်မင်းမြတ်: "အိုး မင်း World ချန်နယ် မှာ ပါလာပြီ!"

ရှားပါးပစ္စည်းများနှင့် ကျွမ်းကျင်မှုစာအုပ်များ ရတနာသေတ္တာအတွင်း ပေါ်လာပါကWorld ချန်နယ် တွင်သေတ္တာကို ဖွင့်လိုက်သူရဲ့ အမည်ကို စနစ်က ကြေငြာပေးမည်ဖြစ်သော်လည်း ထိုရတနာများကို ခေါင်းဆောင်က ဆက်လက်ခွဲဝေပေးမည်ဖြစ်သည်။ ကြေငြာထားသော ကျောက်ပြာ နှင့် လျှို့ဝှက်ကျက်သရေအပြင် သေတ္တာထဲတွင် ကျောက်မျက်များနှင့် စာစောင်အချို့ပါရှိသော်လည်း ထိုအရာများသည်သာမာန်မျှသာ ဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now