038: နဂါးကို ဆင့်ခေါ်မယ်

971 169 7
                                    

Unicode

သူ၏ပန်းပွင့်လို လှပသော မိန်းကလေးမျက်နှာနှင့် ကြိုးကြာရိုင်း သည် ရဲရင့်ပြီး အထိန်းအကွပ်မရှိသော အရွယ်မရောက်သေးသည့်အသံဖြင့်ပြောလာသည်။

"ငါဒါကိုကြိုက်တယ် မင်းကိုယ့်ကိုကိုယ် ထိန်းချုပ်စမ်းပါ~"

သူတို့အားလုံး၏ မျက်နှာများ မှာ ( ̄_  ̄|||)

သူ့ကို ချစ်ခြင်းအပြည့်နဲ့ ပြုံးပြီးကြည့်နေတဲ့ လွင့်မျော တိမ်တိုက်မှလွဲလို့ ပေါ့လေ။

အားကျင့်ရဲ့ပြောင်းလဲလိုက်တဲ့ ပုံစံက သူတို့မျက်လုံးထဲမှာ ဘယ်လိုမှမနေ နေဘူး ဘာလို့ဆို ဒီမှာ မထော်မနန်း နှစ်ယောက် ရှိနေပြီးသားပဲလေ။

အမျိုးသားများကြားတွင် မက်မွန်ပွင့်ကဲ့သို့ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် လာဗင်ဒါစကတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေကာ သူမသည် ပန်းချီကားတစ်ချပ်မှ ထွက်လာသကဲ့သို့ အလွန်လှပနေပေသည်။

အများအားဖြင့် ဤကဲ့သို့သောတစ်စုံတစ်ဦးသည် ပထမဦးစွာ အာရုံစိုက်ခံရသော်လည်း အမျိုးသမီးပုံသဏ္ဍာန်နှင့် အမျိုးသားအသံ "ကြိုးကြာရိုင်း" သည် ဤတစ်ကြိမ်တွင် တော့ အဓိက ဇာတ်လိုက်နေရာကို ခိုးသွားခဲ့သည်။

ဟဲကျင့် သည် နောက်ဆုံးတွင် သူမကို သတိပြုမိသည့်အချိန်မှာတော့  ကိုးခန်းအရှင်မင်းမြတ်သည် အန်ချင်ယောင် ဆောင်နေချိန်တွင်ပင်။

"မီးရဲ့..." ပန်းယီယီ သည် လည်း ကောင်ငယ်လေးကို စိုက်ကြည့်နေသည်။ဒါပေမယ့်လည်း  သူမသည် "မိန်းမ" ဟူသော စကားလုံးကို အမှန်ပင် မပြောနိုင်ခဲ့ ဘဲ နောက်ဆုံးတွင် ပြုံးကာ "ကျွန်မ က ပန်းယီယီ" လို့ သာပြောလာခဲ့သည်။

ဒါဆို သူမက မီး ရဲ့ တပည့်ပေါ့ ဒါ ကြောင့်ရင်းနှီးတယ်ထင်နေတာ အံ့ဩစရာမရှိတော့ပါဘူး။  ဟဲကျင့်သည် အတင်းအဖျင်းပို့စ်တွင်မြင်ဖူးသော သူမ၏ ဓာတ်ပုံများကိုသတိရပြီး ခေါင်းညိတ်ကာ "မင်္ဂလာပါ" ဟုပြောခဲ့သည်။

လူသားအသွင်အပြင်ကို အသုံးပြု၍ ဂိမ်းတွင် အချင်းချင်း 'တွေ့ဆုံခြင်း' သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ဟဲကျင့်  ၏အဆင့်သည် နိမ့် သဖြင့် ပန်းယီယီ ဖက်မှသာ  မ သူ၏ "အပြာရောင် ဝတ်မိန်းမပျိုလေး" ၏အသွင်အပြင်ကို တစ်ဖက်သတ်မြင်နိုင်ခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now