041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ

887 158 2
                                    

Unicode

ထိုလူသည် ဒုတိယဆာဗာတွင် ပထမအဆင့်ရှိ ကစားသမားဖြစ်ပြီး ယခု ဆာဗာများပေါင်းစည်း လိုက်သည့် အချိန်တွင်တော့ ဒုတိယ အဆင့်ဖြစ်လာသည့်  ကိုပန်ဟန်ဂန် ဒတ်စ် နှင့်သူ၏ပုံမှန်အုပ်စုဖြစ်သည်။ကိုပန်ဟန်ဂန် ဒတ်စ် နှင့် အတူကစားသည့် အတွက် ထို အုပ်စုထဲ ရှိ လူများသည် သဘာဝ အလျှောက် ကျွမ်းကျင်သူများဖြစ်သည်။ သို့သော် ဒီညကတော့ သူတို့အတွက် ဝမ်းနည်းဖို့ကောင်းတဲ့ညပဲ!

ကိုပန်ဟန်ဂန် ဒတ်စ် သည်ဟိုလိုဂရပ်ဖစ် မုဒ် တွင် Boss အသစ်များ ကို ပထမဉီးဆုံး သတ်ဖြတ်ခြင်း အတွက် အကျိုးအမြတ်ရရှိမည် ဖြစ်ကြောင်း ကို အချို့အတွင်းပိုင်းချန်နယ်များမှ သိရှိလာသောကြောင့် သူ၏ဦးထုပ်ကိုရပြီးနောက် Boss အချို့ကို တိုက်ခိုက်ရန် အသင်းဖော်များကို စုဆောင်းခဲ့သည်။

ပထမတော့ သူတို့ White Maple Ice Prison ကို သွားခဲ့ကြပေမယ့် အဲဒီထောင်ဟာ Demonic Dungeon နဲ့ ယှဉ်ရင် သိပ်မလွယ်ပါပေ။ သူတို့ထဲက  အချို့မှာ အေးခဲနေပြီး အချို့မှာ နှင်းဘီလူးများ ကြောင့်ထိတ်လန့်ခြင်း သို့မဟုတ် အဆိပ်ရှိသော အင်းဆက်ပိုးမွှားများ ကိုက်ခံရခြင်း တိုကိုခံရသော်လည်း သူတို့သည် Boss ကို သတ်နိုင်ဆဲဖြစ်သည်။ ရလဒ်? သူတို့ထဲတွင် ကီးဘုတ်အသုံးပြုသူကစားသမားတစ်ဦးရှိသောကြောင့် စနစ်သည် သူတို့အား ဟိုလိုဂရပ်ဖစ် အဖွဲ့အဖြစ် အသိအမှတ်မပြုခဲ့သော်ကြောင့်  သာမန်ရှင်းလင်းမှုအဖြစ်သာသတ်မှတ်ခဲ့သည်။

ကိုပန်ဟန်ဂန် ဒတ်စ် သည် အလွန်စိတ်ဓာတ်ကျပြီး သွေးအန်သလိုပင် ခံစားခဲ့ရသည်။ ထို့နောက် အနည်းငယ် အနားယူပြီးနောက် ယန်တောင်တန်း၏ တောက်လောင် အကျဉ်းထောင်သို့ သွားကြသည်။ မြွေကိုက်ခံရ၊ မီးရှို့ခံရ၊ ပင့်ကူများနှင့် အခြားအင်းဆက်ပိုးမွှားများ၏ ကိုက်ခြင်းကို ခံခဲ့ရပြီး မူလကစားသမား (၁၀) ဦး (နှင့် အိမ်မွေးတိရစ္ဆာန်များ) သည် Boss ထံရောက်ရှိချိန်တွင် ငါးဦးသာ ကျန်တော့သည်။

သို့သော်လည်း ပထမဆုံးသတ်ဖြတ်ခြင်းကို ရရှိရန်နှင် ဒုတိယဆာဗာရှိ ကစားသမားများ၏ ဂုဏ်သတင်းကို မြှင့်တင်ရန်အတွက် ရုန်းကန်နေရသော်လည်း ဆက်လက်ရပ်တည်ခဲ့ကြသည်။ သို့သော် နောက်ဆုံးမိနစ်တွင် နှလုံးသားမဲ့ အဖွဲ့က အောင်မြင်မူ ကို အမှန်တကယ် လုယက်သွားမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ!!!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now