085:မိသွားပြီ

838 164 12
                                    

Unicode

ဆွေမျိုးတွေဆီ တစ်ရက်လောက်အလည်သွားချိန် မှာတော့ ဟဲကျင့်ဟာ သူ့အမေက သူ့သား ဘယ်လောက်နာခံမှုရှိကြောင်း၊ ပညာသင်ဆု ဘယ် လောက်ရကြောင်း ကြွားလုံးထုတ်နေတာတွေကိုနားထောင်ခဲ့ရလေသည်။ ဟဲကျင့်ဟာ ဒီချီးထုပ်အကြောင်းအရာတွေကြောင့် သူ့နားတောင် နာလာသလိုပင် ခံစားလိုက်ရသည်။

တစ်စုံတစ်ယောက်က သူမအား သားကဘယ်တော့ဘွဲ့ရမှာလဲ စာတော်တော့ နိုင်ငံခြားမှာပညာသင်ဖို့လွှတ်မှာလားလို့မေးလာလေသည်။သူမကတော့ ထိုမေးခွန်းကြားတိုင်း နိုင်ငံခြားကိုလွှတ်လိုက်ရင် မိဘတွေနေမကောင်းရင်တောင်သိမှာမဟုတ်တဲ့အကြောင်း သူမအတွက်ကတော့ ဆုံးဖြတ်ထားတဲ့အတိုင်း သူ့ရဲ့မွေးရပ်မြေမှာပဲ အလုပ်လုပ်ခိုင်းမည့် အကြောင်း ဒါကိုပြောင်းစရာအကြောင်းမရှိကြောင်း သာပြန်ဖြေလေသည်။

ဟဲကျင့် အတွေးကတော့ သူ ဇာတိမြို့ကို ပြန်လာမယ်လို့ ဘယ်သူက ကတိပေးဖူးလို့လဲ? ဒါကသူ
တောင်းဆိုထားတာလဲလုံးဝမဟုတ်နေဘူး!

ထိုညတွင် တစ်နေကုန် ရှေ့နောက်ပြေးနေရသောဟဲကျင့်သည် မောပန်းနွမ်းနယ်နေ၏။ သူလုပ်ချင်ဆုံးကတော့အွန်လိုင်းပေါ်မှာ မီး နဲ့ ဂိမ်းဆော့တာ ဒါမှမဟုတ် သူတို့ရဲ့ Devil Baby က ဘယ်လိုနေလဲဆိုတာကိုကြည့်ချင်တာပါပဲ။အဲ့လိုလုပ်ရရင် သူပိုပြီးနေလို့ကောင်းလာမှာပဲ။

ညစာစားပြီးနောက် ဟဲကျင့်သည်အခန်းထဲဝင်လိုက် သော်လည်း အပြင်မှာအသံတွေကြားနေရသေးသဖြင့် သူဉီးထုပ်ကိုမဆောင်းရဲသေးပေ။ ထို့ကြောင့် သူသည် စာအုပ်စင်မှ "The Water Margin" စာအုပ် ကို ယူကာ စတင်ဖတ်တော့သည်။ သူ့အမေက ပညာရပ်ဆိုင်ရာ စာအုပ်တွေကလွဲလို့ ဘာကိုမှ ဖတ်ခွင့်မပေးတာကြောင့် သူ့အခန်းထဲမှာ နာမည် ကြီး တရုတ်ဂန္တဝင်စာအုပ်တွေကလွဲလို့ တခြားဘာမှမရှိပါ။ အချိန်တွေ ကုန်လွန်သွားအောင် သူလုပ်နိုင် တာကတော့အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖတ်ပြီးတဲ့ ဒီစာအုပ်ကို လှန်ကြည့်ဖို့ပါပဲ။

သို့သော်လည်း ခဏအကြာတွင် သူ့နောက်မှ အသံတစ်ခုထွက်ပေါ်လာသည်။ ဟဲကျင့်က အထွန့်တက် လိုက်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now