080:ငါအိမ်ပြန်ပြီ

935 182 4
                                    

Unicode

သူတို့ သန့်ရှင်းရေးလုပ်ရင်း စကားတွေ ပိုပြောဖြစ် ကြတော့ လေထုက မကြာခင်မှာပင် ပို၍အသက်ဝင်လာတော့သည်။

ချင်ယွီရဲ့ အကူအညီအတွက်ကျေးဇူးတင်တဲ့ အနေဖြင့်ဟဲကျင့်ကညစာဝယ်ကျွေးခဲ့ပြီး အကြိမ်တိုင်းဈေးကြီးတဲ့စားသောက်ဆိုင်ကိုမတတ်နိုင်သော ကြောင့် ကန်တင်းသို့သာသွားခဲ့ကြသည်။ဟွားတက္ကသိုလ်တွင် ညစာနောက်ကျမှစားကြသော Ph.D ကျောင်းသားများနှင့် ပရော်ဖက်ဆာများစွာရှိသည်။သူတို့သည် ဘွဲ့ကြိုကျောင်းသားများထက် ပိတ်
ရက် ကိုနောက်ကျပြီးမှယူကြ၏။

သူတို့ ထမင်းစားနေတုန်း မှာချင်ယွီက ဟဲကျင့် သွားရမည့်အချိန်ကိုမေးလာကာ သူက အဲ့နေ့ ဘူတာရုံနားမှာ အလုပ်ကိစ္စတစ်ခုရှိလို့ ဘူတာရုံကိုလိုက်ပို့မယ်လို့အဆိုပြုလေသည်။

ဟဲကျင့်သည် ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် ထူးဆန်းသွားသည် ။ ချင်ယွီက 'အလုပ်ကိစ္စရှိလို့ သွားရမယ်'ဆိုပေမယ့် 'ငါတို့အတူတူသွားရအောင်' လို့ပြောရမယ့်အစား  "ငါမင်းကို ဘူတာရုံကိုလိုက်ပို့မယ်" လို့ ပြောလာတယ်လေ။

ဟဲကျင့် က အတွေးမလွန်ချင်ပါဘူးနော် ဒါပေမယ့် ချင်ယွီရဲ့ စိတ်ထဲမှာတစ်ခုခုရှိနေတယ်လို့သူခံစားနေရတယ်ရော။ အထူးသဖြင့် အဲဒီနေ့နေ့လည်စာစားချိန်တုန်းကဟုန်တုန်ယွမ်ပါ ပါလာလို့သူတုံပြန့်တဲ့ပုံကထူးဆန်းတယ်။

ဟဲကျင့် မကန့်ကွက်နိုင်ပါ။ ချင်ယွီက သူ့ကို သန့်ရှင်းရေးလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ သူက တစ်ကြိမ် ငြင်းခဲ့ပြီးပြီလေ။ တစ်စုံတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ကူညီမူတွေကို နှစ်ကြိမ်တိုင်တိုင် မငြင်းဆန်ချင် ဘူးလေနော်

အဆုံးမှာတော့ဟဲကျင့်ကရယ်ကပြောလိုက်သည်။

"ငါတို့ အဲဒီကို အတူတူ လမ်းလျှောက်သွားကြမယ် မင်း ငါ့ကို လိုက်ပို့စရာ မလိုဘူး။ ငါ အဲဒီကို နှနှစ်
အတွင်းမှာဆယ်ကြိမ်မကရောက်ဖူးတယ် လမ်းကိုငါသိတယ်"

ချင်ယွီက ဘာမှဆက်မပြောတော့ပေ။ ဟဲကျင့်ပြန်တဲ့အချိန်ကိုသူအဖော်လုပ်ပေးချင်ရုံပါပဲ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now