096:Offline Message

874 188 18
                                    

Unicode

"ငါမင်းကို အတင်းအကြပ်မလုပ်တော့ဘူး" လို့ပြောပြီးတဲ့နောက် ချင်ယွီဟာ သူ့ဉီးထုပ်ကိုချက်ချင်း ချွတ်လိုက်ပြီး အော့ဖ်လိုင်းဆင်းသွားခဲ့တယ်။ သူအရင်တုန်းကလို သူ့ကိုယ်သူ ထိန်းမနိုင်တော့မှာကို ကြောက်တယ်... ဟဲကျင့် ရဲ့ စကားလုံးတွေက အပူလွန်ကဲနေတဲ့ ခေါင်းကို ရေအေးနဲ့လောင်းချလိုက်သလိုပါပဲ ဒါတွေအားလုံးဟာ တစ်ဖက်သတ် ကြိုးစားအားထုတ်မှုပဲဆိုတာ သိလိုက်ရပါ၏...

သူအငြင်းခံလိုက်ရတယ် အဲ့ဒါကလဲ Valentine's Day မတိုင်ခင်မှာတဲ့လေ။

ချင်ယွီသည် ဟဲကျင့် ကို အမှန်အတိုင်းပြောရန် ဤအခွင့်အရေးကို အသုံးမချခဲ့ပေ။ အစပိုင်းတွင်သူက ဟဲကျင့်ရဲ့ လက်ခံနိုင်စွမ်းကို သူရဲ့ဂိမ်း အသွင်အပြင်နဲ့ စမ်းသပ်ဖို့တွေးခဲ့ခြင်းသာ။ဒါပေမယ့်လည်း ဟဲကျင့်ကဒီလောက်အေးစက်လိမ့်မယ်လို့ သူမမျှော်လင့်မိခဲ့တာတော့ အမှန်ပင်။

ဤအခိုက်အတန့်တွင် သူရှင်းရှင်းလင်းသိလိုက်ရတာကတော့ လက်တွေ့တွင်ဖြစ်စေ ဂိမ်းထဲတွင်ဖြစ်စေ သူ့ဘက်ကသာ ချစ်မြတ်နိုးနေရသူဖြစ်ပြီးတော့ သူကသာ အချစ်စစ်ကိုရှာတွေ့ခဲ့သူသာဖြစ်ပြီးတော့ တစ်ဖက်လူအတွက်တော့ သူကဘာအခွင့်ထူးခံမှမဟုတ်ခဲ့တာပါပဲ

ထိုလူ၏ လှုပ်ရှားမှုတိုင်းသည် သူ့စိတ်ခံစားချက်များကို အလွယ်တကူသက်ရောက်စေသည်။သူ့ကို သတိလက်လွတ်လဲဖြစ်စေသလို သူရဲ့ရက်စက်တဲ့စကားတွေတောင်မှ အချစ်ကြည်နူးတဲ့စကားတွေနဲ့ ပြန်လည်အစားထိုးပေးနိုင်တယ်။ချင်ယွီကအဲ့စကားတွေနဲ့တင် အရူးလိုပဲပျော်နေခဲ့လေရဲ့။အရူးတစ်ယောက်ဟာ သူချစ်တဲ့သူနဲ့ လှပတဲ့ အနာဂတ်ကို စိတ်ကူးယဉ်နေခဲ့ပြီးတော့ အဲ့လူကသူကို အေးစက်စက်ဆက်ဆံကာ ရက်စက်တဲ့ စကားတွေပြောခဲ့တဲ့အခါမှာတော့သူဘာမှကိုခံစားလို့မရတော့ပဲ အရာအားလုံးကရယ်စရာပဲကောင်းနေတော့တာပါပဲ။အဲ့ဒါက သူ့မှာရှိတဲ့ မာနကို ထိခိုက်စေပေမယ့်လဲပေါ့။

ဟဲကျင့်ရဲ့ငြင်းတာကိုခံခဲ့ရတဲ့နောက်ဆုံးတစ်ခေါက်နဲ့ မတူပဲ  အခုတစ်ခေါက်တွင်တော့ ချင်ယွီသည် သူရဲ့ ခွန်အားများ ဆုတ်ယုတ်သွားသလိုပင် ခံစားခဲ့ရသည်။ သူ့ကိုယ်သူ အိပ်ရာပေါ်လှဲချလိုက်ပြီး သူဘာလုပ်ရမယ်ဆိုတာ လုံးဝမသိတော့ချေ။ ဟဲကျင့်ကိုအခုကစပြီးဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာလဲမသိတော့ပါ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now