099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်

827 175 4
                                    

Unicode

ဟဲကျင့် သည် ကားထဲသို့ ဝင်လိုက်ပြီး သောက်စရာပူပူကို ချင်ယွီထံသို့ပေးလိုက်သည်။

ဟဲကျင့်:"ရော့ ဒီမှာ"

ချင်ယွီ: "ဘာလဲ?"

ဟဲကျင့် သူ့ကိုမြင်သောအခါ ချင်ယွီက ' အဲ့နေရာမှာလဲကောင်းမယ့်ပုံပဲနော်' ဟု K ပြောလိုက်သည်ကို သတိရသွားကာ ရုတ်တရက်  သူ့တစ်ကိုယ်လုံးပူထူလာသဖြင့် ချက်ချင်းပင်ခေါင်းငုံ၍

"မင်းအတွက်" ဟု တိုးတိုးလေးပြောကာ ထိုင်ခုံခါးပတ်ကိုအမြန်ဆွဲပတ်လိုက်တော့၏။

သေစမ်း ဟဲကျင့် အဲ့ဒါကို မစဉ်းစားစမ်းနဲ့!

ချင်ယွီသည်  ခွက်အဖုံးကိုဖွင့်လိုက်သည့်အခါ ချောကလက်နံ့ပြင်းပြင်းကိုရလိုက်ပြီး သူ ကျေနပ်စွာဖြင့် ရှုရှိုက်လိုက်သည် ။ ဒီသေးငယ်တဲ့အမူအရာလေးနဲ့တင် ချင်ယွီသည် ထိုမျှဝမ်းနည်းခဲ့ရတဲ့ ကိစ္စကို မခံစားရတော့ပါဘူးနော်

ချင်ယွီသည်ဟဲကျင့်ရှေ့မှာ တစ်စက္ကန့်မျှပင် မဟန်ဆောင်နိုင်ဟု သူ့ကိုယ်သူ တိတ်တဆိတ်
ကြိမ်းမောင်းခဲ့လေရဲ့။

သူက ခွက်ကိုကိုင်လိုက်ပြီး ကော်ဖီကို မြည်းကြည့်လိုက်စဉ်တွင်တော့

"အမ်း......!"

သေစမ်း ဘယ်လိုတောင်ပူရတာလဲဟ !

ဟဲကျင့်သည် ချင်ယွီရဲ့ အသံကိုကြား၍ သူ့ကိုကြည့်လိုက်စဉ် သူမြင်လိုက်ရတာက ချင်ယွီက သူ့လျှာကို ထုတ်လိုက်ပြီး ပြန်ထည့်လိုက်တာကိုပင်။သူက တည်ငြိမ်ဟန်ဆောင်ပြီး  ခွက်ကို ဘေးချလိုက် သော်လည်း သူ့မျက်နှာအမူအရာမှာ ထိုအချိန်က အနည်းငယ် ရယ်စရာ ဖြစ်နေခဲ့သည်။

ချင်ယွီကကားစက်နှိုးလိုက်ပြီး

"ဘာလို့ ငါ့ကို Hot Choco ယူလာပေးတာလဲ?"

ဟဲကျင့်: "ဆိုင်မှာ အထူးoffer တစ်ခုရှိတယ်လေ Hot Choco အားလုံးကို 20% Discount ပေးနေတာ ဝန်ထမ်းတွေကတော့အခမဲ့ရနိုင်တယ်လေ..."

ချင်ယွီ ပါးစပ်ကို မဲ့ကာဖြင့်

"ငါက မင်းငါ့ကိုတခြားအဓိပ္ပာယ်တစ်ခုခုနဲ့ပေးတာထင်လို့" လို့ နောက်ပြောင်ပြောလိုက်လေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now