103:Hazelnut Latte

904 167 2
                                    

Unicode

ချင်ယွီ က သူ့အိပ်ခန်းကို ပြန်လာပြီး အရမ်းစိတ်လှုပ်ရှားနေတာကြောင့် လေထဲကိုတောင် လက်သီးတွေပစ်သွင်းနေခဲ့ပါ၏။

အတိုင်းအတာတစ်ခုထိတော့ ဟဲကျင့် က သူ့ကို တွန်းထုတ်နေတုန်းပါပဲ။ ဒါပေမယ့် ဟဲကျင့်က ဘယ်လောက်ဒေါသကြီးနေလဲဆိုတာကို သူတွေး
လိုက်မိတော့ သူလည်း တင်းကြပ်နေသလို ခံစားလိုက်ရပြီး နှစ်ယောက်ကြားက ပြသနာတွေကိုချက်
ချင်းဖြေရှင်းချင်ခဲ့တယ်!

ဒါပေမယ့် အရှုံးထဲကအမြတ်ပါပဲ။ ဒီညမှာတော့ ချင်ယွီက ဟဲကျင့်ကို နမ်းလိုက်ရုံတင်မကဘဲ ဟဲကျင့်ကလည်း သူ့ကို သဘောကျကြောင်း သူသိလာခဲ့သည်။ ပြီးတော့ ချင်ယွီက ပီတိဖြစ်တာထက်တောင်ပိုနေပြီပင်။ သူ အခု နှင်းထဲမှာတောင် ပြေးချင်နေပါတယ်နော်။ဒါက သူ့ရဲ့ 22 နှစ်တာလုံးအတွက် တကယ်ကို အဓိပ္ပါယ်ရှိတဲ့ Valentine's Day ပါပဲ။

သူတစ်နေကုန်အိပ်ပြီးကတည်းက ချင်ယွီဟာ ​​အိပ်ဖို့အတွက်ကိုအရမ်းတက်ကြွလွန်းနေခဲ့သည်။ထို့ကြောင့် ဦးထုပ်ဝတ်ပြီး အွန်လိုင်းပေါ်တက်ခဲ့တော့သည်။

ရေသေ သည် အွန်လိုင်းတွင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွီ က

"ငါနဲ့ ခဏလောက် ကစားစမ်းပါ "

ကွင်းရဲ့အခန်းနံပါတ်ကို စာပို့ပြီးနောက် မိနစ်ဝက်အကြာတွင် ယပ်တောင်ကိုကိုင်ဆောင်ထားသည့် ရေသေသည်ရောက်လာကာမေးခဲ့သည်၊

"ဘာလို့ အခုမှ အွန်လိုင်းပေါ်တက်တာလဲ?ဒီရက်ပိုင်းစိတ်အခြေအနေမကောင်းဘူးလား? မင်း ဘာမှ မပြောဘဲ အော့ဖ်လိုင်း ဖြစ်သွားလို့လေ ဘာဖြစ်တာလဲ?"

မီး: "မနေ့က စိတ်အခြေအနေမကောင်းလို့ "

ရေသေ: "မင်းဘယ်တုန်းကပြီး စိတ်ခံစားလွယ်သွားရတာတုန်း"

ချင်ယွီ သည်အဓိကအကြောင်းကိုသာတည့်ပြောလိုက်တော့သည်။

"အဓိပ္ပါယ်မရှိတာတွေတော်ပြီ စလိုက်ရအောင်။ "

အားကျင့် ဂိမ်းစဆော့ကထည်းက ချင်ယွီသည် သူ၏အချိန်အများစုကို အဆင့်မြှင့်ရန် လေ့ကျင့် ပေးခဲ့သည်။ သူတို့ PK မဆော့တာတောင်ကြာလှပြီပင်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now