122:အနိုင်ရရှိသွားတဲ့အသင်း

697 156 2
                                    

Unicode

လင်မယားနှစ်ယောက် တိုက်ခိုက်တာကိုကြာကြာကြည့်ပြီးနောက်မှာတော့ ရေသေနဲ့ ရှူကျီးကျာ့လန်အကြောင်းကိုလည်း ပရိသတ်က မမေ့ခဲ့ကြပေ။ အားကျင့်သည် ခွေးနတ်ဆိုးကိုတိုက်ခိုက်နေချိန်တွင် ရေသေက ယောကျ်ားတွေကမဆိုးပါဘူးနဲ့ အဲလက်ဇဘတ်ဆီကနေ သေလောက်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရပြီး လွင့်မျောတိမ်တိုက်နှင့် ကြိုးကြာရိုင်းတို့သည်အချိန်မှီရောက်လာခဲ့ကြတယ်!

ရေသေနဲ့ရှူကျီးကျာ့လန်ကိုသွေးပြန်ဖြည့်ပေးလိုက် ရာ အစပိုင်းက ရှုံးနိမ့်နေတဲ့နှစ်ယောက်သည်သွေးများပြန်ပြည့်သွားကာ သူတို့တွေပိုပြီးတော့တက်ကြွလာလေရဲ့!

host: "ကြိုးကြာရိုင်းပါ ဝင်ပါလာတဲ့နောက်မှာတော့ ကျောက်ကမ်းပါးအောက်ခြေကအခြေအနေကလုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။ရေသေ,လွင့်မျောတိမ်တိုက်,ကြိုးကြာရိုင်းနဲ့ ရှူကျီးကျာ့လန် တို့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းကအခုဆို ဟာဂင်ဒတ်စ်အသင်းမှ ယောကျ်ားတွေကမဆိုးပါဘူးနဲ့ အဲလက်ဇဘတ်ကိုရင်ဆိုင်နေပါပြီ။အခုလောလောဆယ်တော့ ကစားသမားနှစ်ယောက်ရဲ့ စနစ် pet တွေကသေသွားကြပါပြီ။ကြည့်ရတာတော့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းကအခြေအနေကိုလုံးဝလှန်လိုက်နိုင်တာပါပဲ!အခုတော့ကျွန်တော်တို့တွေ ငါက နတ်ဘုရားအားလင်နဲ့ သူ့ရဲ့ pet ကျိန်စာတို့ရောက်လာမလားဆိုတာကိုစောင့်ကြည့်ကြရမှာပါပဲ.."

ငါကနတ်ဘုရားအားလင်: "သေစမ်း ဒီတောင်က အရမ်းမြင့်တာပဲ ငါခုန်ဆင်းလာတာ 3 min တောင်ရှိနေပြီ အခုထိကျနေတုန်းပဲဟ!"

ပရိသတ်၏ မြင်ကွင်းများသည် ယခုအခါ မီးမောင်နှံနှင့် ဂူအနီးရှိ ပင်ဟွားတို့ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး စစ်မြေပြင်သည် ဂူအတွင်းမှ အပြင်ဘက်သို့ ပြောင်းလဲသွားခဲ့သည်။ အခုလေးတင်ပဲ ဖာရက်ရဲ့ ချစ်စရာကောင်းတဲ့ စွမ်းရည်က ဟာဂင်ဒတ်စ် ကို လုံးဝ ဒေါသထွက်စေခဲ့ပြီး ပန်းယီယီသည်လည်းပိုမိုလေးနက်လာခဲ့သည်။သူတို့နှစ်ယောက်ကနောက်ဆုံးမှာတော့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းကို အလေးအနက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now