069:အိမ်စနစ်

809 159 2
                                    

Unicode

ကွင်းထဲမှထွက်လာတဲ့အချိန်မှာ ဟဲကျင့်သည် မီးက Horn မှတဆင့် မက်ဆေ့ခ်ျပို့နေသည်ကို တွေ့လိုက်ရသည်။

[Horn] "မီး" : "မီး နဲ့အတူ အားကျင့် က ကိုပန်ဟန်ဂန်ဒတ်စ် နဲ့ ပန်းယီယီတို့ ပျော်ရွှင်စရာ အိမ်ထောင် ရေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

ချင်ယွီက  နဲ့အတူ ဆိုတဲ့ စကားလုံးကို သဘောကျသွားပြီး သူ့စိတ်အခြေအနေမှာ ချက်ချင်းကိုပြန် ကောင်းသွားပါတော့တယ်။ အရပ်အမောင်း ကွာခြားချက် ကြောင့် သူက အားကျင့်ရဲ့ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုသို့သော အပြုအမူသည် အနေရမခက်စေခဲ့ပဲ အားကျင့်သည်လည်း အနည်းငယ်ပျော်နေသည်ကို တွေ့ခဲ့ရသည်။

[Horn] "ကိုပန်ဟန်ဂန်ဒတ်စ်"- "နှလုံးသားမဲ့ မင်းအော့ဖ်လိုင်းဆင်းတော့မှာလား?"

ဘယ်သူ့မှ မီးက အော့ဖ်လိုင်းဆင်းတော့မှာကို ယုံမနေဘူးရယ်။ဂိမ်းထဲမှာက သူငယ်ချင်းမဟုတ်ရင် တောင် တခြားသူတွေရဲ့ လိုင်းပေါ်ရှိလားမရှိလားကို ကြညိ့လို့ရလေ၏။ ဒါကြောင့်မလို့ ကိုပန်ဟန်ဂန်ဒတ်စ်က ဒီလိုမေးလာတဲ့အခါမှာ သူက မီးရဲ့ အော့ဖ်လိုင်း ဆင်းတာမဆင်းတာကို သိချင်လို့မဟုတ်ပဲ ဆုတောင်းစကားကို စာမပြန်ချင်လို့ဆိုတာ အသိအသာကြီးပဲလေ။

ငါးစက္ကန့်လောက်ကြာပြီးတဲ့နောက်မှာတော့ မီးရဲ့ စာအသစ်ဟာ ကိုပန်ဟန်ဂန်ဒတ်စ်ရဲ့ Horn အပေါ်မှာ ပေါ်လာခဲ့လေသည်။

[Horn] "မီး": "ငါအလုပ်ရှုပ်နေတယ် ဘာကိစ္စရှိလို့လဲ?"

ပွဲကြည့်ပရိတ်သတ်တွေ ဆွံ့အသွားတော့သည်...

[World]: "ကျူးကျားယန်": "မေးပြုတ်ကျ.jpg"

jpg"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now