079:ညီကိုမောင်နှမ

803 169 2
                                    

Unicode

ဒါပေါ့ ချင်ယွီက ဟုန်တုန်ယွမ် ရှေ့မှာတော့ အကြောင်းပြချက်အစစ်မှာကိုပြောပြလို့မှမရပဲ။ထို့ကြောင့်ချင်ယွီသည် အကြောင်းပြချက်အချို့ကိုသူရှာရုံသာတတ်နိုင်၏။သွားရေးလာရေးအရမ်းအဆင်ပြေတဲ့အတွက်ကြောင့် ပြန်ချင်တဲ့အချိန်မှကောက်ပြန်တယ်ဆိုပြီး အကြောင်းအရာကိုပြောင်းဖို့ကြိုးစားတော့သည်

သို့သော်ဟဲကျင့်သည်တော့ ချင်ယွီမူမမှန်တာကိုခံစားမိပါ၏။သူ့ကိုတိုက်ရိုက်မကြည့်နေပေမယ့်
လည်းချင်ယွီ မကျေမနပ်ဖြစ်နေတယ်လို့သူခံစားမိပါတယ်နော်။

ဟဲကျင့်သည် အပြစ်ရှိစိတ်ဖြင့်အစားအစာကို တိတ်တိတ်ဆိတ်ဆိတ်စားခဲ့သည်။ ချင်ယွီရဲ့  သဘောထားက သူ့ကို အမှားလုပ်မိသလို ခံစားလာရစေသည်။ သို့သော် ချင်ယွီသည် ဘာအတွက် ကြောင့် စိတ်အဆင်မပြေနေလဲလို့တွေးကြည့်လိုက် မိသည်။တကယ်လို့ ဟုန်တုန်ယွမ်ရှိနေတာကြောင့်ဆိုရင်တော့မထူးဆန်းဘူးမလား?သူတို့ကဒီတိုင်းသူငယ်ချင်းတွေပဲကို

ဒါမှမဟုတ် သူပဲ အရမ်းအကဲဆတ်နေမိတာလား?

အတိုချုပ်ပြောရလျှင် ဟုန်တုန်ယွမ် မှလွဲ၍ နှစ်ယောက်သား ထမင်းစားရတာတကယ်မပျော်ခဲ့ကြပါ။

ထမင်းစားပြီးနောက် ဟဲကျင့် သည် ဘေရှင်းရန် အမြန်သွားခဲ့ပြီး ချင်ယွီသည် ၎င်းအတွက် ငြင်းခုံခဲ့ခြင်းမရှိပေ။ သူထလိုက်သောအခါချင်ယွီကမာဖလာ နောက်တစ်ခုကိုကိုင်ထားလျက် ဟဲကျင့်ရဲ့မာဖလာကိုယူပေးလိုက်သည်။ သူ့မာဖလာက နက်ပြာရောင် ပုံစံပါပြီး  ဟဲကျင့်ရတ်ကတ်ဝယ်ဖို့ လိုက်ပေးတုန်းက ဝယ်ခဲ့တဲ့ဟာပင်။

သူကဟဲကျင့်ကို မာဖလပေးလိုက်တဲ့အချိန်မှာ သူ တို့လက်နှစ်ချောင်းက တစ်ယောက်ကို တစ်ယောက် အသာအယာ ထိမိသွားလေသည် ။ ချင်ယွီရဲ့ပုံစံက "ငါပေးခဲ့တဲ့မာဖလာကို မင်းဘာလို့မဝတ်တာလဲ?"ဆိုသည့်ပုံပင်ပေါက်နေသေး၏။

ဟဲကျင့်က သူ့လက်ကိုပြန်ယူလိုက်ပြီး ခေါင်းကို အမြန်ငုံ့လိုက်၍ အတွေးလွန်မနေဖို့ သူ့ကိုယ်သူပြောလိုက်တယ်။

စားသောက်ဆိုင်မှ ထွက်လာသောအခါ ချင်ယွီကမေးလေသည်။

"မင်းတို့မှာ တခြား အစီအစဉ်တွေ ရှိသေးလား?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now