005:ပန်းယီယီ

1.3K 207 2
                                    

Unicode

ဟဲကျင့်သည် ထိပ်တန်းဆယ်ဉီး စာရင်းကို သေချာကြည့်ရာတွင် နှလုံးသားမဲ့ မီး နှင့် Demon Level 95 ရှိသော 9 ယောက်မြောက် ပန်းယီယီ တို့မှ လွဲ ၍ ကျန်တဲ့ သူများမှာ 'Heavenly Being' များဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူက လှည့်လိုက်ကာ သူ့နောက်က ဟုန်တုန်ယွမ်ကိုမေးလိုက်သည်။

"မျောက် ငါမေးချင်တာက Demon God ရဲ့ လက်ရှိအဆင့်က ဘယ်လို သတ်မှတ်ထားတာလဲ အရင်က ထိပ်ဆုံးအဆင့်ကို 'Immortal' လို့ ခေါင်းစဉ်တပ်ခဲ့တာတော့ မှတ်မိသေးတယ်အခုက ဘာလဲ?"

"အဲ့တာက လွန်ခဲ့တဲ့ နှစ်တွေထဲက ပြောင်းသွားတာ ကြာရောပေါ့ အခုက စွမ်းအားကြီး ဆုံး အဆင့်ကို Demon God နဲ့ Divine God ဆိုပြီး သတ်မှတ်ထားတယ်လေ။"

သူက ဟဲကျင့်ရဲ့ screenကို ကြည့်ကာ ပြောလိုက်သည်။

"အာ အဲ့ဇယားကို မကြည့်နဲ့ အဲ့ဒါက အဆင့်တွေကို အခြေခံပြီး ပြထားတာ ဘယ်သူတကယ် စွမ်းအားကြီးဆုံးလဲ သိချင်ရင် တရားဝင် site မှာ သွားကြည့်တာ ပိုကောင်းတယ် အဲ့မှာ အသေးစိတ် အချက်လက်တွေနဲ့ စာရင်းရှိတယ်"

ထိုအကြောင်းကိုကြားသော် ဟဲကျင့်သည် သူ့screenကို web browser ကို ပြောင်းလိုက်ကာ "Demon God's အဆင့်သတ်မှတ်ချက် ဇယားကို ရိုက်ရှာတော့သည်။

ထို့နောက် သူ့နှင့်မီး ရှိသည့် ဆာဗာ ကို ရွေးပြီး နှိပ်၍ ကြည့်လိုက်သည့် အခါ အမျိုးမျိုးသော ခေါင်းစဉ်များနဲ့ စာရင်းများကိုတွေ့သောအခါ အံ့သြ သွားတော့သည်။

〖ခြုံငုံသုံးသပ်သောစာရင်း〗: ① 「နှလုံးသားမဲ့ မီး

〖ကိုယ်ပိုင် အဆင့်သတ်မှတ်ချက် စာရင်း〗: ① 「နှလုံးသားမဲ့ မီး

〖ပစ္စည်းများ၏ အဆင့်သတ်မှတ်ချက်〗: ①「နှလုံးသားမဲ့ မီး

〖ရွှေ ပိုင်ဆိုင်မူ အဆင့်သတ်မှတ်ချက်〗: ①「နှလုံးသားမဲ့ မီး

〖သတ်ဖြတ်မူ အများဆုံးသော ကစားသမား မှတ်တမ်း(PK)〗: ①「နှလုံးသားမဲ့ မီး

[T/N: PK = Player Killing ဆိုတာကတော့ ဂိမ်းထဲမှာ 1 vs 1 ချလို့ရပြီးတော့ အဲ့မှာ တစ်ဖက် ကစားသမားကို သတ်နိုင် တဲ့ အရေအတွက် ကိုပြောတာပါ။]

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now