044: ညလယ်မှာ ပြေးကြမယ်

814 159 1
                                    

Unicode

ဉီးထုပ် ကိုချွတ်ပြီးနောက် ဟဲကျင့်သည် သူ့စိတ်များကို ဖြည်းညှင်းစွာဖြင့် လက်တွေ့ဘဝသို့ ပြန်ရောက်စေရန် ခဏတာ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

"ပြန်လာပြီလား!" သူ့နောက်က လှုပ်ရှားသံကိုကြားတော့ ဟုန်တုန်ယွမ် က ကမန်းကတန်း လှည့်ကြည့်ပြီး ရယ်ကာပြောလာသည်။

"ငါးနာရီကျော်သွားပြီ။ ငါ မင်းကို အကြိမ်ကြိမ် စစ်ကြည့်နေတာ မင်းပြန်မလာမှာကို ငါကြောက်လို့!"

ဟဲကျင့်  : "မင်း si-fi ရုပ်ရှင်တွေ အရမ်းကြည့်တယ်..."

ဟုန်တုန်ယွမ်: "ခုနကပဲ  ခေါင်းကြီး ရောက်လာသေးတယ် ဦးထုပ်ဆောင်းရင်း မလှုပ်မယှက်ထိုင်နေတဲ့ မင်းကိုတွေ့တော့ မင်းဆံပင်တွေကို လေပူနဲ့မှုတ်နေတာလားလို့ စပ်စုပြီးမေးသွားသေး"

ခေါင်းကြီးဆိုသည်မှာ အခန်းဖော်တစ်ဦးအတွက် သူတို့ပေးထားအမည်ပြောင်ဖြစ်ပြီး သူသည် စာအုပ်တစ်အုပ်ထဲတွင် အမြဲခေါင်းမြုပ်နေတတ်သော စာရူးတစ်ယောက်ဖြစ်သည်။

"ငါကမင်းဂိမ်းကစားနေတာလို့ သူ့ကိုပြောလိုက်တော့ သူက မင်းက ဒီလိုဂိမ်းတွေကစားလို့လား?သူ့ကိုမလိမ်နဲ့ ဆိုပဲ အဲ့ဒါနဲ့ငါလဲ အကြောင်းအရာတွေ အများကြီးပြောပြလိုက်တယ် ဟိုလိုဂရပ်ဖစ် ဉီးထုပ်အကြောင်းရောပဲ အကျင်းချုပ်အနေနဲ့ အဲ့ဒါက Avatar ကားထဲကလိုပဲ အတူတူပဲ မင်းမကြည့်ကြည့်ဖူးဘူးလားလို့ မေးလိုက်တာ အဲ့အချိန်တုန်းကသူ့မျက်ခုံးတွေဆို တွန့်ချိုးနေရောပဲ ဟားဟားဟား"

ဟဲကျင့် က ရယ်ပြီး "သူ ငါ့ကို ရှာနေတာလား?" ဟု မေးလာသည်။

ဟုန်တုန်ယွမ်:  "ဟုတ်တယ် သူက မင်းဆီက အတန်းမှတ်စုတွေ ငှားဖို့လာတာ အဲဒါတွေကို ငါကူပြီးရှာပေးလိုက်တယ် ဒါပေမယ့် ငါ သူ့ကို  မင်းရဲ့စိတ်ဝိညာဉ်က ဂိမ်းထဲမှာ ပိတ်မိသွားနိုင်တာမလို့ မင်းကို မထိဖို့လည်း ပြောခဲ့သေးတယ်။ အဲဒီတုန်းက သူ့မျက်နှာကို မင်းမြင်ခဲ့ရမှာ အဲ့ဒါက ရယ်ရလွန်းလို့ ငါ့မှာသေတော့မလိုပဲ!"

"ခွီ မင်းက အရမ်းပုံကြီးချဲ့တာပဲ..."

ဟဲကျင့် သည် လွင့်မျောတိမ်တိုက် မှ သူ့ကို  ကြိုးကြာရိုင်းမှ လက်တွေ့ဘဝတွင် ကလိထိုးခြင်းခံရကြောင်း ပြောသည်ကို ဟဲကျင့် သတိရလိုက်သည်။ ဆိုလိုသည်မှာ သူအွန်လိုင်းရှိနေသည့်အချိန်၌ပင် ၎င်းကို ခံစားနိုင်သည်ဟု ဆိုလိုသည်။ ဒီအကြောင်းကို ဟုန်တုန်ယွမ် ကိုပြောပြ လိုက်ကာ ကစားနေရင်း  အနှောင့်  အယှက်ဖြစ်ရင်တောင်  ကိစ္စမရှိပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now