030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား

1K 194 4
                                    

Unicode

မရှိဘူး? အဖြေက အရမ်းမျှော်လင့်မထားတာကြောင့်ဟဲကျင့်က ချင်ယွီ ကို အံ့အားသင့်စွာ ကြည့်နေခဲ့လေသည်။ မူလက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအတွေ့အကြုံတွေအကြောင်း ဆွေးနွေးချင်ပေမယ့် မထင်မှတ်ပဲ တခြားကောင်လေးမှာ မရှိခဲ့ဘူး!

"ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ?" ချင်ယွီ က ပြုံးပြီး "မင်း မယုံဘူးလား?"

ဟဲကျင့် ကချင်ယွီ ပြောလိုက်သည့် နောက်ဆုံးတစ်ဝက်ကို အလိုအလျောက် လျစ်လျူရှုကာ ခေါင်းညိတ်လိုက်ပြီး "ငါထင်တာ မင်း က..."

ချင်ယွီ က ကြားဖြတ်ပြောလိုက်သည် "ငါကဘာလဲ? ငါက ဘယ်လိုလူလို့ထင်လို့လဲ?"

"မင်းက ရုပ်ချောတယ် တင်းနစ်ကစားတတ်တယ် သဘောထားကြီးတယ်  စကားပြောကောင်းတယ် စာနာတတ်တယ် စိတ်အားထက်သန်တယ်..." ဟဲကျင့် က သူ့ကို ရေကန်မှာ အကြံပေးခဲ့တဲ့  အချိန်ကို သတိရသွားပြီး အဖျားတက်နေချိန်မှာ တနေကုန် သူ့ကို အဖော်လုပ်ကာအိပ်ဆောင်သို့ပြန်ခေါ်လာပေးခဲ့တာကိုပါ သတိရသွားသည်။

သူက အင်္ဂလိပ်Grammar လေ့လာရာမှာ အကူအညီတောင်းတုန်းက ချင်ယွီ ရဲ့ နှိမ့်ချတဲ့ တောင်းဆိုမှုကိုလည်း တွေးမိပြီး အဲဒီညမှာပဲ ဟဲကျင့် တုန်နေတာကို တွေ့တော့ ချင်ယွီက  သူ့အင်္ကျီကို ချွတ်ပြီးခြုံ ပေးခဲ့တာကိုလည်း တွေးမိ၏...

သူတို့နှစ်ယောက်ဟာ ရက်အနည်းငယ်သာ သိခဲ့ကြပေမယ့် ချင်ယွီ  လုပ်တဲ့အရာတွေက သူရဲ့ ပင်ကိုစရိုက် ကို ဟဲကျင့် ရဲ့ အမြင်မှာ ကြည့်ကောင်းစေလေသည်။ ဟဲကျင့် ၏ နှလုံးသားထဲတွင် သူသည် သူ၏ "ကျောင်း idol" ဂုဏ်သတင်းထက် များစွာပို၍ အဓိပ္ပါယ်ရှိနေသည်။

တက္ကသိုလ်တွင် အခြားသူများ၏ ကျောင်းသားများကို  အကဲဖြတ်မှုသည် အဆင့်များနှင့် ပညာရေးရလဒ်များသက်သက်အတွက် ကန့်သတ်ထားခြင်း မရှိတော့ဘဲ မိသားစုဇစ်မြစ် အသွင်အပြင်နှင့် ကိုယ်ရည်ကိုယ်သွေးကဲ့သို့သော အရာများလည်း ပါဝင်သည်။ ယင်းတို့သည် အမျိုးသား အမျိုးသမီး သူငယ်ချင်းများ ရွေးချယ်ရာတွင် အဓိက ထည့်သွင်းစဉ်းစားလေ့ရှိသော အကြောင်းရင်းများဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Donde viven las historias. Descúbrelo ahora