043:အိမ်ဆောက်မယ်

822 159 1
                                    

Unicode

ဟဲကျင့် သည် မီး ၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း သူသည် World ချန်နယ်ရှိ ကစားသမားများနှင့် ထပ်တူခံစားရဆဲဖြစ်သည်... ချမ်းသာသူများ၏ကမ္ဘာသည် ငါ နားမလည်နိုင်သော အရာတစ်ခုပါပဲ။

ဟဲကျင့် မှာ ပိုက်ဆံမရှိသလို၊ ရေရှည်မှာ မြေဝယ်ရင် ဝင်ငွေမှန်မှန်ရနိုင်တယ်ဆိုတာ သူသိပေမယ့် ဒီကိစ္စမှာ ငွေအစစ်ပါ၀င်တာကြောင့် ဒီလုပ်ငန်းမှာ မပါဝင်နိုင်သေးပေ။ မီး သည် အားကျင့် ကို ဂိမ်းထဲနှင့် လက်တွေ့ မဆက်နွယ်ပါဘူးဟု ကတိပေးထားသည့်အတွက် ထိုကောင်လေးအား မြေဝယ်ရန် မတိုက်တွန်းခဲ့ပေ။ သူ လောဘကြီးတာ မဟုတ်ဘူး ဂိမ်းမှာရတဲ့ ပိုက်ဆံက သူတို့နှစ်ယောက်ကို ထောက်ပံ့ဖို့ သုံးနိုင်သရွေ့တော့ အဆင်ပြေတယ်လေ။

မီးသည် ကောင်းကင်ဘုံနယ်မြေနှင့် သာမာန်နယ် မြေတွင် မြေကွက် ၈ ကွက်ဝယ်ယူခဲ့တာ ကျန် ၂ကွက်ကိုတော့ အားကျင့်နဲ့ သူ့အတွက် အိမ်ဆောက်ရန်သိမ်းထားလိုက်သည်။ဟုတ်ပါတယ် ရက်
ကန်းသမရဲ့ ရည်ညွှန်းမှတ် ကြောင်းကြားပြီးထဲက သူ့ရဲ့ အဓိကရည်ရွယ်ချက်ကဒါပါပဲ။တကယ်ဆို သူတို့ကလင်မယားဆိုတော့ တကယ့်လက်တွေ့ကလိုပူးပူးကပ်ကပ် နေသင့်တာပဲလေ

သေချာတာပေါ့ အဲ့အိမ်မှာ အခန်းတစ်ခန်းလဲပါရမယ်!

မီးက အားကျင့် ကိုမေးလိုက်သည်။

"မင်း ငါတို့အိမ်ကို ဘယ်မှာဆောက်ချင်လဲ?"

အားကျင့် က ဒီကိစ္စကိုသတိရပြီး ရှက်ရွံစွာနဲ့ပြောလာလေသည်။

"မင်းတကယ် အိမ်ဆောက်ချင်တာလား? ဒီမြေက အရမ်းဈေးကြီးတာနော် အိမ်ဆောက်ဖို့ပဲ သုံးရင် မတန်ဘူး...။ "

မီး က မျက်ခုံးပင့်လိုက်ပြီး "ဒါက ဘာလို့မတန်ရမှာလဲ? ငါတို့က အိမ်ထောင်သည် လင်မယားတွေပဲကို အိမ်လိုအရာတွေ လိုအပ်တာတော့ အမှန်ပဲ"

အားကျင့်: "..."

ဟဲကျင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး တွေးလိုက်သည်

ဒီဂိမ်းရဲ့ စစ်မှန်မူ က မမြင့်နေသင့်တာ ဟုတ်တယ်ဟုတ်?ငါတို့အခန်းတစ်ခန်းထဲ အတူရရှိပေမဲ့ ဘာမှဖြစ်မလာနိုင်ဘူး မဟုတ်လား?

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now