086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်

872 185 9
                                    

Unicode

ချင်ယွီသည်လည်း နားကြပ်ကိုတပ်ထားသည်။ ဟဲကျင့်ရဲ့ အသံသည် သူ့နားထဲသို့ တိုးဝင်လာသည်။နူးညံ့သိမ်မွေ့သော်လည်း အနည်းငယ်တုန်
ယင်နေ၏။

"မင်းအဆင်ပြေရဲ့လား?" အသံကျယ်လွန်းရင် သူ‌ကြောက်သွားမှာစိုးတာကြောင့် တိုးတိုးလေးသာဆိုလေသည်။

ဟဲကျင့် က "အမ်း" ဟုသာအတိုချုံး ပြန်ဖြေလိုက်ပြီး မျက်လုံးမှိတ်ကာ ဂိမ်းတွထဲရှိ မီးရဲ့အသွင်အပြင်ကို စိတ်ကူးကြည့်မိသည်။ ဤလူသည် အ
လွန်အင်အားကြီးပြီးမည်သူမျှ သူ့ကို အနိုင်မယူနိုင် ခဲ့ပေ။ အားလုံးက ဂိမ်းထဲမှာသာ ဖြစ်ပျက်ခဲ့ပေမယ့် လက်တွေ့ကမ္ဘာမှာလည်းဟဲကျင့် ကို သိမ်မွေ့စွာ
လွှမ်းမိုးခဲ့ပြီးပြောမပြတတ်လောက်တဲ့ယုံကြည်မူတွေလည်းပေးခဲ့သည်။ တစ်နည်းဆိုရသော် လက်တွေ့ရှိ ရက်စက်ကြမ်းကြုတ်ခြင်းမှ လွတ်မြောက်ရန် သူ့ရဲ့ လုံခြုံရာဗိမ္မာန်လေးကိုရှာတွေ့ခဲ့ခြင်းပါပင်

"ဘာလို့ စကားမပြောတာလဲ?"

ချင်ယွီ စိတ်ပူသွားသည်။

"ဘာတွေတွေးနေတာလဲ?"

"မီး" ဟဲကျင့် က တိုးတိုးလေးပြောသည်။

"အရင်ကဖြစ်ခဲ့တာတွေကို ငါပြန်စဉ်းစားကြည့်နေတာ"

ချင်ယွီ: "အိုး?"

"လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က နှုတ်မဆက်ဘဲ ထွက်သွားခဲ့တာ... ငါတကယ်တောင်းပန်ပါတယ်"

ဒီတစ်ကြိမ်မှာတော့ မီးက သူကို ဘာလို့နှုတ်မဆက် ခဲ့တာလဲလို့ မေးခဲ့တုန်းက ဖြေလိုက်တာနဲ့ နှိုင်းယဉ်ကြည့်ရင် လုံးဝကိုကွဲပြားသွားလေပြီ။ လွန်ခဲ့တဲ့8 နှစ်တုန်းကတော့ သူတွေဝေခဲ့တယ် အခုချိန်မှာတော့ သူတကယ်စိတ်မကောင်းဖြစ်မိတယ်။သူတစ် ကယ်ပဲ မီးကိုပြောချင်ခဲ့တယ် သူ နှစ်ယောက်က အရင်ကရောအခုရော ဂိမ်းထဲမှာ သူတို့ရဲ့ လင်မယားဆက်ဆံရေးက အတုအယောင်ဖြစ်ခဲ့ပြီး သူငယ် ချင်းဆက်ဆံရေးကလည်းခိုင်မာနေတာကို သူဘယ်လိုမေ့လို့ရမှာလဲလို့လေ

သို့သော် သူ့မိခင်ရဲ့ဖိနှိပ်မှုအောက်တွင် ဟဲကျင့် သည် ထိုကိစ္စကို မတွေးဝံ့ခဲ့ပေ။ ဘွဲ့ရပြီးရင် တစ်ယောက်နဲ့တစ်ယောက် တွေ့ကြမယ်လို့ မီး နဲ့ ကတိတောင် မပေးဝံ့ရဲခဲ့ပါဘူး။ မီးနှင့်ဆက်နွယ်မူတစ်ခုလုံးသည်ထိုအချိန်မှစတင်၍ မြေအောက်၌ နစ်မြုပ်နေသည့်အရာကဲ့သို့ပင် ဖုံးလွှမ်းသွားခဲ့ရ
သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now