003:ဟိုနားဒီနားလိုက်ပြမယ်

1.7K 246 5
                                    

Unicode

သူသည် ထိုလူနှင့် ပတ်သက်ပြီး အမှန်တစ်ကယ် မမှတ်မိသေးသော်လည်း အွန်လိုင်းတွင် "အသိအကျွမ်း" ဟောင်းတစ်ဦးနှင့် တွေ့ဆုံရသော ကြောင့် သူ့နှလုံးသားထဲတွင်တော့ ပျော်ရွှင်မူ အနည်းငယ်ကို ခံစားလိုက်ရသည်။  သူက‌ ပြောလိုက်သည်။

"ဒီဂိမ်းကအများကြီးပြောင်းလဲသွားပြီထင်တယ်နော်"

သူ၏ ပေါ့ပေါ့ပါးပါး မှတ်ချက်အတွက် တုံ့ပြန်မှုသည် screenပေါ်တွင် အနီရောင် alert boxလေး ထွက်ပေါ်လာခြင်းပင်။

နှလုံးသားမဲ့ မီး」 သည် သင့်အား "အတူစီးရန်" ဖိတ်ခေါ်ပါသည်။ကျေးဇူးပြု၍ "ငြင်းပယ်သည်" / "လက်ခံသည်" ကိုရွေးချယ်ပါ။

- ပြီးတော့ "လာ ငါမင်းကို လိုက်ပြမယ်" ဆိုတဲ့ စာကြောင်းတစ်ကြောင်း။

သူသတိမထားမိခင်မှာတင် အနက်ရောင်နှင့် အနီရောင်အမွေးများပါသော သားရဲတစ်ကောင်သည် အခြားလူ၏ဘေးနားတွင် ပေါ်လာသည်။ သားရဲ၏ တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းထားသည်မှာ လောင်ကျွမ်းနေသလိုပင်။ ဟဲကျင့် သည် "လက်ခံသည်" ရွေးချယ်မှုကို မနှိပ်မီ တစ်စက္ကန့်လောက် ကြည့်လိုက်သေးသည်။

အပြာဝတ် ဇာတ်ကောင် လေး သည် သားရဲပေါ်သို့ အလိုအလျောက်တက်သွားပြီး နှလုံးသားမဲ့ မီး ၏ ခန္ဓာကိုယ်ကို အားပျော့စွာ မှီ၍နေလေသည်။

ဟဲကျင့်: "..."

ဖန်သားပြင်ပေါ်တွင် သူ၏သေးသေးသွယ်သွယ်နှင့် သာမန်ပုံစံဇာတ်ကောင် လေးသည် အခြားတစ်ယောက် ၏အရပ်ရှည်ရှည်နှင့် သန်မာသောရုပ်ရည်ဖြင့် ဇာတ်ကောင်နှင့်အတူ ထိုင်နေသည် ကို မြင်နေရသည်...။ (=_=)

ပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ 8 နှစ်တုန်းက သူတို့ နှစ်ယောက်လုံးက ကလေးငယ်ငယ်လေးတွေ ပဲရှိခဲ့သေးပြီး လက်ထပ်ခဲ့ရင်တောင် အဲ့တာက အိမ်ဆောက်တိုင်း ကစားသလိုပဲ ခံစားရလေသည်။ဒါပေမယ့် အခုတော့ ကွာခြားသွားခဲ့ပြီ 22 နှစ်ရွယ် ဟဲကျင့်၏ အမြင်မှာတော့ သူကိုယ်တိုင် 100% ယောကျ်ားလေး ဖြစ်နေပြီး တစ်ခြားတစ်ယောက်ရဲ့ ဇနီးမယား လုပ်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now