032: အင်တာဗျူးအစီအစဉ်

922 177 2
                                    

Unicode

Demon God ရဲ့ ဟိုလိုဂရမ် ဗားရှင်းထွက်ရှိမည့်အချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လာလေပြီ။ ဂိမ်းကုမ္ပဏီ၏တရားဝင်သတင်းထုတ်ပြန်ရေးအဖွဲ့သည် ဂိမ်း၏ပရိုမိုးရှင်းဗီဒီယို ထွက်ရှိပြီးနောက်တွင် အသံစကားပြောရှိုးတစ်ခုပြုလုပ်ရန် ထိပ်တန်းစာရင်းဝင်ကစားသမားအချို့ကို ဖိတ်ကြားခဲ့သည်။

နှလုံးသားမဲ့ မီး သည် ဖိတ်ကြားထားသော ဧည့်သည်များကြားတွင် မပါမဖြစ်ပင်။ သူ့အပြင် တာဝန်ရှိသူများသည် ပထမဆာဗာရဲ့ဒုတိယအဆင့်ရှိ "ရေသေ" ကိုလည်း ဖိတ်ကြားခဲ့သည်။ ဒုတိယဆာဗာ၏ ပထမအဆင့် "ကိုပင်ဟေဂင်ဒက်(ရေခဲမုန့်)"၊ တတိယဆာဗာ ၏ ပထမအဆင့် "လူ့မျက်နှာဖုံးနဲ့နတ်ဆိုး" နှင့် ဒုတိယအဆင့် "နှစ်တစ်ထောင်သင်္ဘော"; နောက်ဆုံးတွင် တော့ ဂိမ်းတစ်ခုလုံးတွင် အသိအမှတ်ပြုခံရသော အလှတရားနှင့် သန်မာသော ကစားသမား "ပန်းယီယီ"။

ဒီအင်တာဗျူးကို ဟဲကျင့် လည်း နားထောင်ခဲ့လေသည်။

အင်တာဗျူးအစီအစဉ်မှူး၏ ချိုမြိန်သော အသံဖြင့် ထိုနာမည်ကြီး ကစားသမားများကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် မြင်ကွင်းသည် ချက်ခြင်း ပရိသတ်၏ မှတ်ချက်များဖြင့် လုံးလုံးနီးပါး ဖုံးလွှမ်းသွားသည်... ဟဲကျင့် သည် စုစုပေါင်း ငါးရာခိုင်နှုန်းသာ ပြသရန် မှတ်ချက်အရေအတွက်ကို ချိန်ညှိကာ ဆက်လက်နားဆင်ခဲ့သည်။

အစီအစဉ်မှူးကမေးလာခဲ့သည်

"Demon God ဟာ ဟိုလိုဂရပ်ဖစ် ဗားရှင်း ကိုထုတ်ဖို့ ရည်ရွယ်ချက်ကို ကြေညာပြီးကတည်းက ဂိမ်းကုမ္ပဏီဟာဟိုလိုဂရပ်ဖစ် အသေးစိတ်တွေကို အမြဲတမ်း လျှို့ဝှက်ထားခဲ့တယ်ပေါ့နော်။တကယ်တော့ ဒီအင်တာဗျူး အစီအစဉ်ကလည်း တာဝန်ရှိသူတွေက ကြီးမြတ်တဲ့ နတ်ဘုရားတွေက တစ်ဆင့် ဟိုလိုဂရပ်ဖစ် ဗားရှင်းပြီးနောက် အပြောင်းအလဲများကို ထပ်မံဖော်ပြလိုတာကြောင့် လုပ်တာပါ။ ဒါကြောင့် ကြီးမြတ်သော နတ်ဘုရားများ ဟိုလိုဂရပ်ဖစ် ဗားရှင်းနဲ့ ပတ်သက်ပြီး မေးစရာတွေ ဒါမှမဟုတ် အကြံပြုချင်တာတွေရှိပါသလား?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now