076:ဖက်ထုပ်အကြီးကြီးလိုပဲ

945 191 6
                                    

Unicode

ထူးဆန်းသည်မှာ သူသည် ဖာရက်တစ်ကောင်သာဖြစ်ပြီး ဖာရက်များအားလုံးသည် နို့တိုက်သတ္တဝါများဖြစ်သည် ဒါကြောင့်မလို့ သူလည်းနို့တိုက်သတ္တဝါပဲလေ ဘယ်လိုဖြစ်လို့ဥဥပြီးမွေးရတာလဲ?

သို့သော် သူတကယ်ပင် ဤ "သတ္တဝါ" ကို မွေးဖွားခဲ့တာဖြစ်ပြီး ဟဲကျင့်သည် သူကိုယ်တိုင် ဆောင့် ကြောင့်ထိုင်ကာ အင်အားသုံးပြီးညှစ်ခဲ့ရတာကို မှတ်မိနေဆဲဖြစ်သည်။ထို့နောက် ဗိုက်ထဲတွင် ချက်ခြင်းသက်သာသွားသလို ခံစားလိုက်ရသည်။ ဒါဟာ ကောင်းတဲ့ခံစားချက်လည်းဟုတ်မနေဘူးနော် သူထပ်မကြုံချင်တော့ဘူး။

ဟဲကျင့် ဥကို စိုက်ကြည့်ရင်း သိချင်စိတ်ကြောင့် လက်ချောင်းဖြင့် ပွတ်သပ်လိုက်သည်... အဲ့ဒါကနူးညံ့လွန်းတယ်ဟ!

ပျော့ပျောင်းတဲ့အခွံရှိတဲ့ဥ!

"အားကျင့်! အားကျင့်! မင်းဘယ်လိုနေလဲ?" မီးက ကူရာမဲ့စွာဖြင့် တံခါးအပြင်ဘက်ကနေပြီးအော်ဟစ် နေခဲ့တယ်။ ဟဲကျင့်က သူ့ကိုမဝင်လာနဲ့လို့တားထားလို့လေ။ ယခုမူ အိပ်ခန်းထဲတွင် အရာအားလုံး တိတ်ဆိတ်နေပုံရသည်။ ဘာတွေဖြစ်နေတာလဲ?

နှစ်စက္ကန့်အကြာတွင် အခန်းထဲမှညင်သာတဲ့အသံလေးထွက်လာလေသည်။

"ဝင်...ဝင်လာခဲ့"

မီးက ချက်ချင်းပင်တံခါးဖွင့်လိုက်သည့်အခါသူတို့ လင်မယားကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေတဲ့ အားကျင့် ကို တွေ့လိုက်ရလေသည်။ သူသည် အဖြူရောင် သားမွေးအင်္ကျီကို ၀တ်ဆင်ထားပြီး သူ့တွင် တူညီသော အရောင်နဲ့ တခုခုရှိနေလေတယ်။ အဲ့ဒါက အဖြူရောင် ဥတစ်လုံး?

မီးသည် ချက်ချင်းပင် အရှိန်ပြင်းပြင်းနှင့် ကုတင် ဘေးနားသို့ ရောက်ရှိလာသည်။ သူက သတိထားပြီးမေးတယ်

"ဒါ...ကငါတို့ကလေးလား?"

သူက "အင်း" လို့အမူအရာမဲ့ စွာပြန်ဖြေပေမယ့် သူ့စိတ်ထဲမှာတော့ သေလုမတတ်ပါပဲ။

မီးက အရမ်းစိတ်လှုပ်ရှားပြီး အသက်တောင်ဖြောင် ဖြောင့်မရှူရဲဘူးရယ်။ ဥကို ထိဖို့ လက်ကို ဆန့်ထုတ် လိုက်ကာ နွေးထွေးပြီးတော့နူးညံ့မူကိုခံစားလိုက်ရ၏ သူ့လက်နဲ့ အုပ်လိုက်တော့ ဥခွံက အသက်ရှုနေသလိုပဲ...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now