134:တရုတ်ချစ်သူများနေ့

602 126 2
                                    

Unicode

ထိုညတွင် ချင်ယန်ယွီသည် ဟဲကျင့်ကိုအလုပ်မှပြန်ကြိုလာစဉ်တွင် ထိုသတင်းကိုချက်ချင်းပြောပြခဲ့သည်။

"ငါ အခုထိကမ်းလှမ်းတာကိုလက်မခံရသေးပါဘူး စဉ်းစားဉီးမယ်လို့ပြောထားခဲ့တယ်"

ချင်ယွီ သည် စတီယာရင်ကို ကိုင်ထားပြီး ညင်သာစွာ လှည့်နေခဲ့သည်။ အထူးသဖြင့် ဝင်ငွေအကြောင်းပြောသည့်အခါတွင်တော့ သူ့လေသံ၌ မော်ကြွားမူအနည်းငယ်ရှိနေလေသည်။ သူကဟဲကျင့်ကို စိတ်လှုပ်ရှားစွာဖြင့်ပြောခဲ့သည်။

"ပြောရေးဆိုခွင့်ရှိသူဖြစ်သွားရင် ငါတစ်နှစ်ကို 6 သန်းလောက်ရလိမ့်မယ် 2 နှစ်ဆိုရင်တော့ 10 သန်းလောက်ပေါ့ ဒါက tax တော့မပါသေးဘူးငါကြားတာတော့ ဒီ ပမာဏက ပထမတန်းက အနုပညာရှင်ကိုပေးသလောက်ရှိတယ်တဲ့။ရိုက်ကူးရေးတွေကတော့ 3 ကြိမ်ထက်တော့မပိုဘူးပြောတာပဲ။ငါနည်းနည်းတွေဝေနေတာကိုတွေ့တော့ ငါတောင်းဆိုချင်တာရှိသေးရင်လည်းတောင်းဆိုလို့ရတယ်ပြောတယ်"

ခြောက်သန်း....!

ဟဲကျင့်အံ့သြလွန်းလို့ ပါးစပ်ကို မပိတ်နိုင်ခဲ့ပါချေ။ သူ့အလုပ်သင်က တစ်လကို ယွမ်4000 အောက်ပဲပေးတာလေ။ ဘွဲ့ရပြီး အမြဲတမ်း စာချုပ်ချုပ်နိုင်ရင်တောင် တစ်နှစ်ကို ယွမ်100,000 နဲ့ စမယ်လို့ ကြားတာပါပဲ။ ဒါပေမယ့်လည်းချင်ယွီကိုကြည့်ရင်တော့ သူက ဂိမ်းထဲ host လုပ်ရင်းနဲ့တောင် တစ်လကို ယွမ် 200,000 လောက်ရနေတာကြီးကို။ပြောရေးဆိုခွင့်ရှိသူဖြစ်လာရင်ရမယ့် ပမာဏကိုကြားတော့သူ့မှာတုန်လှုပ်သွားရတော့တာပါပဲ။6 သန်းတဲ့ ဒီလောက် ပမာဏထိပေးရအောင် ဒီလူကဘယ်လောက်အရေးပါရမှာလဲ?

ဟဲကျင့် သည် ကြိုးကြိုးစားစားလုပ်ဆောင်ခြင်းဖြင့်ချင်ယွီနှင့် နီးစပ်သည့်အဆင့်သို့ တဖြည်း ဖြည်းရောက်ရှိနိုင်မည်ဟု တွေးထားခဲ့သော်လည်း ယခုတွင်တော့ ချင်ယွီကဲ့သို့ ကောင်းချီး ပေးခံရသူတစ်ဦးအတွက်သူနှင့် နှိုင်းယှဉ်ရန် လုံးဝနည်းလမ်းမရှိတော့သည်ကို ဝန်ခံရမည်ပေ။

"ဒီတော့ ဘယ်လိုထင်လဲ?"

ချင်ယွီ သည် ခေါင်းကိုလှည့်၍ ဟဲကျင့် ကို ကြည့်လိုက်သည်။သူ၏ ချောမောသော မျက်နှာသည် ပြတင်းပေါက် အပြင်ဘက်ရှိ လမ်းမီးများအောက်တွင် အထူး တောက်ပလျက်ရှိသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now