105:အရမ်းတွေသိလွန်းနေတယ်

846 160 1
                                    

Unicode
ဟဲကျင့်သည်လည်း ရှူကျီးကျာ့လန်နဲ့ PK ဆိုင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။သေချာတာပေါ့ သူ "ချစ်ဖို့ကောင်း"စကေး ထိသွားမယ်လို့လဲမထင် ထားဘူးလေ!

ပန်ဒါစပြီးလှိမ့်တုန်းက အားကျင့် တစ်ခုခုမှားနေပြီလို့ ချက်ချင်းခံစားလိုက်ရပါ၏။သို့သော် အတွေ့အကြုံမရှိခြင်းကြောင့် တုံ့ပြန်ရန် နှေးကွေးလွန်းခဲ့သည်။ တိုက်ခိုက်မှုကို လက်ခံရရှိပြီးနောက် 3 စက္ကန့်အတွင်း မလှုပ်ရှားနိုင်တော့ပေ။ နောက် 5 စက္ကန့် ကြာသောအခါတွင် သူ၏တိုက်ခိုက်မှုစွမ်းအား
သည် ထက်ဝက်သို့လျော့ကျသွားမည်ဖြစ်သည်။ အထူးသဖြင့် အဆင့်မြင့်ကစားသမားတွေကြားတွင် တော့ အခြေအနေကအချိန်မရွေး ပြောင်းလဲသွားနိုင်လေသည်။ နောက်တစ်စက္ကန့်တွင် ရှူကျီးကျာ့လန် က ရယ်မောကာ ခုန်ထ၍ ဟဲကျင့် ထံ ပြေးသွားခဲ့
သည်။ သူ့အကြည့်က အရင်တုန်းကလို ကျိုးနွံပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံနဲ့ လုံးဝကို မတူနေတော့ဘူး!

ပန်ဒါဝက်ဝံ၏ အားသာချက်မှာ ၎င်း၏တိုက်ခိုက်မှုစွမ်းအားတွင် တည်ရှိနေသည်။ ခြင်္သေ့ သို့မဟုတ် ကျားလိုမျိုး မချုပ်တည်းထားဘူး!

ကံကောင်းထောက်မစွာ "ချစ်ဖို့ကောင်း" စကေးအခြေအနေအောက်တွင်ရှိနေသော ဟဲကျင့် သည် မတိုက်ခိုက်နိုင် သော်လည်း လှုပ်ရှားနိုင်ခဲ့သည်။ သူ ပုန်းရှောင်ဖို့ကြိုးစားသော်လည်း ပန်ဒါက ရုတ်တရက် ဟိန်းဟောက်လာသည်။ ဤဟိန်းဟောက်ခြင်းသည် အုပ်စုလိုက်တိုက်ခိုက်ရေးစွမ်းရည်တစ်ခုဖြစ်ပြီး 5 မီတာအကွာအဝေးရှိ မည်သည့်အရာမဆို ဒဏ်ရာရရှိမည်ဖြစ်သည်။ဟဲကျင့် ကဒီတစ်ကြိမ်တွင်တော့မပုန်းနိုင်တော့ဘဲ သူ့သွေးဘားရဲ့ ¼ ဆုံးရှုံးသွားခဲ့
တယ်!

သူအရမ်းကို စိုးရွံ့သွားပြီးတော့ ပုန်းမယ့်အစား မြေပေါ်လှဲချလိုက်ကာဖြင့် သူ့ရဲ့လက်ညည်းတွေကိုဖွက် လိုက်ပြီး သူရဲ့ဗိုက်သားလေးကိုလှစ်ဟပြလိုက် တော့တယ်!

လူတိုင်း:"..."

ချင်ယွီ က ဗီဒီယိုရိုက်ကူးပြီးလူသိရှင်ကြားထုတ်လွှင်ဖူးခဲ့တဲ့အတွက်ကြောင့် ဟဲကျင့်ဟာ "cutify" ဆိုတဲ့ ရှက်ဖွယ်လိလိစွမ်းရည်ကို အသုံးပြုခဲပါ၏။ သူသည် လျင်မြန်စွာ တိုက်ခိုက်ခဲ့ပြီး သူနှင့် နီးကပ် သူမည်သူကိုမဆို လျင်မြန်စွာ တိုက်ခိုက်ရန်သာ ရွေးချယ်မည် ဖြစ်သည်။ ဒါပေမယ့်လည်း ပန်ဒါတောင်မှာ ဒီ စကေးကိုအသုံးပြုခဲ့တာပဲလေ ဘာလို့သူလဲ ဒီ စကေးကိုအသုံးမပြုရမှာလဲနော်.....
အတူတူအရှက်မဲ့ကြတာပေါ့

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now