008:စုံတွဲ တာဝန်များ

1.2K 210 5
                                    

Unicode

မီး သည် ပန်းယီယီ နှင့် စကားစမြည်ပြောနေစဉ် ဟဲကျင့် သည် ဂိမ်း၏ ထိန်းချုပ်မှုပုံစံနှင့် ရင်းနှီးလာခဲ့သည်။

သို့သော်လည်း သူ့စိတ်ထဲမှာ နှလုံးသားမဲ့ မီး ပြောခဲ့သော စကားကို ပဲ ကြားယောင်နေမိသည်။

" မင်းက ငါ့မိန်းမမို့လို့..."

ဂိမ်းထဲမှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးသည် ခင်ပွန်းနဲ့ဇနီး ဆက်ဆံရေးမို့ တစ်ဖက်လူက သူ့ကို ဒီလိုပြောတာက ပုံမှန်ပဲဖြစ်သည်။

သို့သော် မီး သည် ထိုကဲ့သို့ ကလူမြူ၏ လေသံကို အသုံးပြုခဲ့ပြီး ၎င်းသည် ဟဲကျင့် ၏ နှလုံးသားထဲတွင် "ဂီတ"သံစဉ် တီးခတ်နေသကဲ့သို့ ခံစားချက်ကို အမြဲတမ်း ချန်ထားခဲ့သည်။

သူက ယောက်ျားလေးမို့ တခြားလူအတွက် ဒီလို ခံစားချက်မျိုး ရှိတယ်ဆိုတာက ဘယ်လိုပြောရမလဲ...စက်ဆုပ်တာမျိုး မရှိပေမယ့် နည်းနည်းတော့ ရှက်ပြီး လန့်တယ် ဒါက နည်းနည်းတော့ နာကျင်စရာ ကောင်းတယ် ရော (=_=)

အင်း ဖြစ်နိုင်တာကတော့ သူကယောကျ်ားလေး ဖြစ်ပြီး မိန်းကလေး အနေနဲ့ ကစားရတာကို အသားမကျလို့ ဖြစ်နိုင်ပါတယ်

ဒါပေမယ့် သူဘာလို့ ဒီအခန်းကဏ္ဍအတိုင်းလိုက်လုပ်ရမှာလဲလို့! (=_=)

ဟဲကျင့် စိတ်ရှုပ်ထွေး နေချိန်မှာပဲ သူရဲ့ အပြင်လူ မက်ဆေ့ခ်ျ ဘောက်စ် အောက်ခြေမှာ ရုတ်တရက် မက်ဆေ့ချ်အသစ်တစ်ခု ရောက်လာလေသည်။

〖သီးသန့်စကားပြောခန်း〗 'ပန်းယီယီ' : "မင်္ဂလာပါ~"

"Demon God" တွင် အဆင့်နိမ့်ကစားသမားများသည် အဆင့်မြင့်သူ ကစားသမားများကို မမြင်နိုင်သလို ၎င်းတို့၏အသံများကို လည်း မကြားနိုင်သောကြောင့်  တစ်ဦးနှင့် တစ်ဦး သူငယ်ချင်း အပ် ကာ ဒိုင်ယာလော့ဘောက်စ်ကို အသုံးပြု၍ ပြောခြင်း သိုမဟုတ် အပြင်လူ စကားပြောခန်းမှ သီးသန့်စကားပြောခန်းကို ရွေး၍ ဆက်သွယ်ခြင်းသာ လုပ်၍ ရသည်။

ပန်းယီယီ သည် ဒုတိယတစ်ခုကို ရွေးချယ်ခဲ့သည်။

[T/N ဒီမှာကလေ fb မှာလို သူငယ်ချင်းအပ်ပြီး စကားပြောတာနဲ့ သူငယ်ချင်း မဟုတ်ပဲ ပြောရင် message request မှာ စာဝင်သလို မျိုးပါပဲ ပန်းယီယီကမအပ်ပဲ စကားပဲလာပြောတာပါ။]

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now