062:ဆယ်ပုံတစ်ပုံ

886 164 1
                                    

Unicode

PK ဗီဒီယိုသည်ဟဲကျင့် ၏အာရုံကို ချင်ယွီ မှ မီးဆီသို့ပြောင်းစေခဲ့သည်။မူလက သူ၏ ကိုယ်ကျင့်သိက္ခာ သည် 2D ကမ္ဘာတွင်သာ ကျဆင်းသွားသော်လည်း ယခု နောက်ဆုံးတွင်တော့ 3D (လက်တွေ့ဘဝ) တွင်လည်း ကျဆင်းခဲ့ရလေပြီ။ဟုန်တုန်ယွမ်ကို မျက်နှာချင်းဆိုင်ရမှာ ရှက်လွန်းလို့ တစ်ယောက်တည်းထားခဲ့တော့သည်။ နှစ်နှစ်ကျော်ကြာ သူ့အခန်းဖော်ရှေ့တွင် သူတည်ဆောက်ခဲ့တဲ့ ပြောင်မြောက် တဲ့ ပုံရိပ်က အခုတော့ လုံးဝပျက်ဆီးသွားပါပြီနော်!

ဟဲကျင့် သည် မီး ဆီသို့ မက်ဆေ့ပို့ရန် လက်ကောက်ဝတ်ကို မြှောက်လိုက်သည်။ "မင်းဘယ်လိုတောင်လုပ်ရက်ရတာလဲ"လို့မေးရမလား ဒါမှမဟုတ် "မင်းအရမ်းများသွားပြီ"လို့ကြိမ်းမောင်းရမလား သူမသိတော့ဘူး  လောလောဆယ်မှာတော့ သူ့ရဲ့အတွင်းစိတ်ပျက်ပြားမှုကို ဖော်ပြဖို့ လုံလောက်တဲ့စကားလုံးလည်း ရှိမနေလေဘူး။ နောက်ဆုံးတွင် တော့  ဟဲကျင့် သည် အစက်အရှည်ကြီးက လွဲလို့ ဘာမှမပို့လိုက်တော့ပေ။

"............."

မကြာမီတွင် မီးက စာပြန်လာသည်။

"မင်း ကြိုက်လား?"

အားကျင့် :  "မင်းနှမ ကိုပဲကြိုက်!"

မည်မျှပင် စိတ်ထိန်းပါစေ ဟဲကျင့် အမျက်ဒေါသကို တားဆီးနိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် သူသည် မီး ရှိရာသို့ အပြေးအလွှားသွားကာ သူ့အား မျက်နှာကို ကောင်းကောင်းလေးထိုးပစ်ချင်တာပဲသိတယ်။ဟင့်အင်း ထိုးတာက မလုံလောက်သေးဘူး ဂိမ်းထဲမှာ မီး က သူ့အပေါ် လုပ်ခဲ့တဲ့အတိုင်း  သူ့လက်ထဲမှာ ကြိမ်ဖန်များစွာ နှိပ်စက်ခံရသင့်တာ!

ဘယ်လိုပဲဖြစ်ဖြစ် မီးရဲ့ လက်တွေ့ဘဝ ပုံစံကို စဉ်းစားမိပြန်တော့ ချင်ယွီ ပုံရိပ်က ပေါ်လာပြန်သည်။သူ တုန်လှုပ်သွားကာ ပုံရိပ်ပျောက်သွားစေရန် ခေါင်းခါလိုက်သည်... 

အာ အဲ့ဒါ သူတို့ အသံတွေက တူလွန်းလို့ဖြစ်ရမယ်  အဲ့ဒါကြောင့် သူ့ကို ရုတ်တရက် တွေးမိလိုက်တာ!

ရုပ်ပိုင်းဆိုင်ရာပုံရိပ်များမပါဘဲ ဟဲကျင့် သည်ဟိုလိုဂရပ်ဖစ် ဂိမ်းတွင်သူ၏ဇာတ်ကောင်နှင့်မီး ၏အသွင် အပြင်ကိုသာပေါင်းစပ်နိုင်သည်။ ထိုမျက်နှာသည် ဆာဗာတစ်ခုလုံးရှိ ပထမအဆင့်မာစတာဘွဲ့နှင့် ချိတ်ဆက်ထားရုံသာမက ဟဲကျင့် သည် ရုပ်ပုံပေါ်မှ အစွမ်းထက်ကာ ပြင်းထန်သည့် ရောင်ဝါကို လည်း ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်..

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now