146:ချင်ယွီလား?

829 152 7
                                    

Unicode

ဒီလျှို့ဝှက်ချက်က ဟဲကျင့်အမေရဲ့နှလုံးသားထဲမှာ ဗုံးတစ်လုံးလို ပေါက်ကွဲသွားတယ်။ ဟဲကျင့် က သူ့အဖေကို လွန်ခဲ့တဲ့ သုံးနှစ်က တစ်ခွန်းမခံပြန်ပြောခဲ့တယ်လို့ ကြားရတာလည်းပထမဆုံးအကြိမ်ပါပင်။ သူမသားမှာ ဒီလိုမျိုးပေါက်ကွဲတတ်တဲ့ဘက်အခြမ်းရှိနေမယ်လို့သူမဘယ် တုန်းကမှမထင်ထားခဲ့ချေ။သူမ သူမသားရဲ့ ဂိမ်းဦးထုပ်ကိုကြမ်းပြင် ပေါ်ပစ်ပေါက်လိုက်လို့ အိမ်ကထွက်သွားတာကို သတိရလိုက်တော့ ရုတ်တရက်သူမစိတ်ထဲတင်းကြပ်သွားရသည်။

"...ကျွန်တော်လည်းပဲမိန်းမကောင်းလေးရှာပြီး ဆက်ဆံရေးတစ်ခုစတင်ချင်ပြီး မိသားစုနဲ့ အမေကိုပျော်အောင်လုပ်ပေးချင်ပေမယ့်လည်းဘာလို့ဒီလောက်ခက်ခဲနေလဲမသိပါဘူး..." ဒီစကားဟာ ဟဲကျင့်အမေဖြစ်သူရဲ့ ခေါင်းထဲမှာ ထပ်ပေါ်လာပြန်ပါ၏။ဟဲကျင့် တစ်ယောက်တည်း ဘာကြောင့် အရက်သောက်ရလဲဆိုတာ ရုတ်တရက် သူမနားလည်သွားပြီး သူဘာကြောင့် အရမ်းနာကျင်နေရတာလဲ ဆိုတာကိုပါသိလိုက်ရပါ၏- ဘာလို့ဆိုသူက မိန်းကလေးတွေကိုမကြိုက်လို့ပါပဲ

သူမသည် အလွန်စိတ်ပျက်သွားသဖြင့် ချက်ချင်းထရပ်ကာ ဟဲကျင့်အခန်းတံခါးကိုခေါက်ဖို့လုပ် တော့သည်

"ပိချင်!"

ဟဲကျင့်အဖေကသူမကိုဆွဲကာသူမလက်ကိုတင်းတင်းကြပ်ကြပ်ချုပ်ထားလိုက်သည်။

"မင်းဘာလုပ်နေတာလဲ?မင်းငါ့ကိုစိတ်ငြိမ်ငြိမ်ထားမယ်လို့ကတိမပေးထားဘူးလား?"

ဟဲကျင့်အမေ: "သူ့ကို ဆွဲထုတ်ပြီး အသေးစိတ်မေးချင်တယ်!"

တကယ်တော့ ဟဲကျင့်အဖေလည်းသူမလိုဖြစ်ခဲ့ဖူးတာပါပဲဒါပေမယ့်လည်းအခုတော့သူ့အသံကိုတိုးနိုင်သမျှတိုးထားကာဟဲကျင့်မနိုးလာအောင်ကြိုးစားနေလေရဲ့

"မင်းဘာလုပ်မှာလဲ?သူတို့တွဲခဲ့တယ်ဆိုတာအတိတ် မှာပဲသူဘယ်လိုပုံပေါက်နေလဲဆိုတာမင်းလည်းမြင်လိုက်တယ်မဟုတ်ဘူးလား အဲ့ဒါကိုသူ့ကိုဒီလိုမကောင်းတဲ့ဖြစ်ရပ်တွေကိုအတင်း အကြပ်ပြန်မေးဦးမလို့လားဟမ်?"

ဟဲကျင့်အမေက တုန်နေခဲ့တယ်။ သူပြောတာမှန်တယ်- ကိစ္စကလည်းပြီးသွားပြီပဲဟဲကျင့်ကလည်းအဲ့လူနဲ့အဆက်အသွယ်မရှိတော့ဘူး။သူကသူမတို့ဆီလည်းပြန်လာခဲ့ပြီးတော့ပြောတဲ့အတ်ုင်းအိမ် ထောင်ဘက်တွေလည်းတွေ့ခဲ့တာပဲ ဒီနှစ်တွေအတွင်းမှာ ဘာအမှားမှလဲမရှိခဲ့ဘူး။သူမဘာများထပ်ပြီးတောင်းဆိုနိုင်ဦးမှာတဲ့လဲ?

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now