104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ

1K 177 6
                                    

Unicode

ချင်ယွီက ကော်ဖီကို နာခံစွာနဲ့ယူသွားလိုက်တော့သည်။ဟဲကျင့်က သူကားဆီကိုသွားတာတွေ့လိုက်ရ ပြီးတော့ ကားမောင်းထွက်သွားဖို့က နောက်ထပ် 10 မိနစ်လောက်ကြာလိုက်သေးတယ်။

ရက်ပိုင်းလေးအတွင်းမှာပဲ ဟဲကျင့်မှာဖြစ်ပျက်ခဲ့တာတွေကများလွန်းတယ်။ နှစ်ဆယ့်သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူသည် သူ့အမေနှင့် ကြီးကြီးမားမားစကားများခဲ့ရပြီးအိမ်ကထွက်လာခဲ့သည်။ ပထမဆုံးအကြိမ် နှစ်သစ်ကူးကာလမှာ သူအလုပ်လုပ်ခဲ့သည်။ဂိမ်းထဲက သူ့ယောကျ်ားက ရုတ် တရက် ပေါ်လာပြီး သူခပ်ခွာခွာနေဖို့ ကြိုးစားခဲ့တဲ့ ဂျူနီယာညီလေး ဖြစ်နေခဲ့တယ်တဲ့။ပြီးတော့သူကအချိန်အကြာကြီးအရူးလိုပဲ လှည့်စားခံခဲ့ရတယ်။ပြီးတော့သူဒေါသထွက်နေတုန်းပဲ။ အဲ့ဒါထက်ကို ချင်ယွီက သူ့ကိုသဘောကျတယ်ပြောပြီးအတင်းတွေလည်းနမ်းခဲ့သေးတယ်လေ။အခုတော့သူကြောက်ခဲ့ရတဲ့ လိင်တူချစ်ကြိုက်ခြင်းဆိုတာကြီးကို
လည်းရင်ဆိုင်ရတော့မယ်

ဟဲကျင့်သည် ဤဆက်တိုက်အဖြစ်အပျက်များကြောင့် လုံးလုံးလျားလျား နစ်မွန်းခဲ့ရပြီး ၎င်းတို့
သည် သူ့ကမ္ဘာကို ဇောက်ထိုးပြောင်းလဲသွားစေသော အပြောင်းအလဲများပင်။

နောက်ဆုံးပြန်တိတ်ဆိတ်သွားတဲ့အခါတွင်တော့ ဟဲကျင့်  သက်ပြင်းချလိုက်တော့သည်။

တစ်မနက်လုံး အလုပ်ရှုပ်နေပြီးနောက် ဟဲကျင့် သည် သူ့နေ့လည်စာအတွက် ကြက်သားညှပ်ပေါင်မုန့်ကို ထပ်စားရပြန်သည်။ ဆိုင်ထောင့်မှာ တစ် ယောက်တည်း ထိုင်နေရင်းပေါ့။ ရေနွေးတစ်ခွက်နဲ့ အသားညှပ်ပေါင်မုန့်ကို ဖြည်းဖြည်းစားနေလိုက်
သည်။အရသာကတော့မရှိပါချေ။

သူ့လက်ပတ်က တစ်မနက်လုံး မရပ်မနားကိုတုန်ခါနေခဲ့သည်။ မိနစ်အနည်းငယ်တိုင်းတွင် မက်ဆေ့ခ်ျအသစ်တစ်ခု ရောက်လာပြီး ဟဲကျင့်သည် အလွန်စိတ်ဆိုးသွားတော့သည်။ နေ့ခင်းဘက်တွင်တော့ ၎င်းကို ချွတ်ပြီး ဗီရိုအတွင်း သော့ခတ်ထားလိုက်တော့လေရဲ့

ညနေ အလုပ်ဆင်းသောအခါ ဟဲကျင့်သည် သူ၏ ခရီးဆောင်အိတ်ကို သယ်ဆောင်ကာဖြင့်ယခင်က သူတည်းခိုခဲ့သော တည်းခိုခန်းသို့ ရောက်ရှိလာခဲ့သည်။ တစ်ချိန်လုံး သူ့ခံစားချက်တွေကို ကစားနေတဲ့သူနဲ့ မရှိတော့တာကြောင့် သူ့ရင်ထဲမှာပိုပြီးပေါ့ပါးလာခဲ့တယ်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now