093:ကောင်းကင်တိုက်ပွဲ

751 163 2
                                    

Unicode

ချင်ယွီသည် ဟဲကျင့်အရမ်းပျော်နေတာကိုမြင်လိုက်ရသည်မှာ အလွန်နွေးထွေးကာပျားသကာလိုချိုမြိန်လှသည့် ခံစားချက်ကိုတောင်ရလိုက်သလိုပါပဲနော်။ပြီးတော့ သူ့တစ်ကိုယ်လုံး လွင့်မျောနေသလိုပဲ။

"ပြင်တဲ့စရိတ်ဘယ်လောက်ကုန်သွားလဲဟင်?"
ဟဲကျင့်ကရုတ်တရက်အဲ့အကြောင်းကိုတွေးမိသွားရသည်။

ချင်ယွီ: "ပေးစရာမလိုလိုက်ဘူး "

"အိုး?" ဟဲကျင့်က တကယ်ကို ယုံမနေဘူးရယ်

ချင်ယွီ:"အဲဒါကို ပြင်ပေးတဲ့သူကငါ့သူငယ်ချင်းလို့ပြောဖူးတယ်မလား ?သူကအလကားပြင်ပေးလိုက် တာ ငါနောက်မှညစာဝယ်ကျွေးလိုက်မယ်"

ဟဲကျင့်က ထိုလူကို ကျေးဇူးတင်ဖို့ စိတ်အားထက် သန်နေပြီး

"ဒါဆို ငါ ညစာအတွက် ပေးပါ့မယ်!"

ချင်ယွီကရှေ့တည့်တည့်ကိုကြည့်ရင်းငြင်းလာပြန် ပြီး

"တကယ်ကြီးကိုမလိုပါဘူးကွာ ငါကျွေးမယ်လို့သူ့ကိုပြောပြီးပြီ"

ဟဲကျင့်:"ဒါဆို မင်းညလယ်စာစားမလား?"

ချင်ယွီ က ရယ်မောပြီး "မင်းဘာလို့ငါ့ကိုအရမ်းတွေကျေးဇူးတင်နေရတာလဲ?"

ဟဲကျင့်ကတွေးလိုက်တယ် သေချာပေါက်ကျေးဇူးတင်သင့်တာပေါ့မဟုတ်ဘူးလား?သူချင်ယွီလုပ်ပေးခဲ့တာတွေကိုဘယ်လိုပြန်ဆပ်ရမလဲတောင်မသိဘူးရယ်။ပြီးတော့ချင်ယွီကသူ့အပေါ်ဘာလို့အရမ်းကောင်းပေးနေတာလဲလို့သေလောက်အောင်မေးချင်နေပေမယ့်လည်း သူပြန်ပြီးတုံ့မပြန်နိုင်လောက်တဲ့ အဖြေဖြစ်နေမှာလဲစိုးမိပါရဲ့။သူကချင်ယွီကိုပြန် ပေးနိုင်ရန်အတွက်ပဲတွေးနိုင်တယ် ဘာမှအကြွေးမတင်ပဲနဲ့ပေါ့လေ

ချင်ယွီက ဟဲကျင့်အခိုင်အမာပြောနေတာကိုကြားတော့

"ကောင်းပြီလေ ငါလဲညစာမှမစားရသေးပဲ "

ဟဲကျင့်လည်း အံ့သြသွားပြီး "ဘယ်လိုဖြစ်လို့လဲ?"

ချင်ယွီကဦးထုပ်ကိုကြည့်ကာ

"ဒီအတွက် ငါတစ်နေကုန် ပြေးလွှားနေရတယ်
လေ "

ထိုသို့ပြောပြီးနောက်တွင်တော့ ဟဲကျင့် သည်အပြစ် ရှိစိတ်အပြင် ကျေးဇူးတင်စိတ်လည်း ပြည့်နှက်နေလေတော့သည်...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now