090: ငါကတော်တယ်နော် ဟုတ်တယ်မလား?

939 182 8
                                    

Unicode

အမှန်တော့ တည်းခိုခ ကိစ္စကကြီးတယ်။ ဟဲကျင့်ကချင်ယွီဘယ်မှာနေလဲဆိုတာတော့မသိပေမယ့်သူနည်းနည်းဝေးဝေးမှာနေရင်တောင် ရထားစီးပြီးနေ့တိုင်းသွားရရင်တောင် ပိုက်ဆံအများကြီးစုမိနိုင်ဉီးမှာပဲ။ဟဲကျင့်သည် သူ့ရဲ့ အတွင်းစိတ်ထဲကဖြစ်နိုင်ချေနဲ့ ဖြစ်သင့်တာကို လွန်ဆွဲနေမိတော့သည်။ပြီးတော့သူ့နှလုံးသားထဲက ချင်ယွီပေါ်ရှိနေတဲ့ကောင်းမွန်တဲ့ခံစားချက်တွေကိုငြင်းဖို့လဲကြိုးစားရသေးတယ်

ချင်ယွီက ပြောလာပြန်သေးသည်။

"ငါ့အိမ်မှာ ဧည့်သည်အခန်းရှိတယ်"

ဒါဆိုအဲ့လိုဆို သူချင်ယွီနဲ့ တစ်ခန်းထဲနေစရာမလိုဘူးပေါ့နော်။ဒါပေမယ့်လည်း သူအနည်းငယ် တော့ တုံ့ဆိုင်းနေဆဲပင်။

"ငါ မင်းကို ဒုက္ခပေးသလိုများဖြစ်နေမလားဟင်?"

ပြီးတော့နှစ်သစ်ကူးအချိန်ကြီးကို အစ်ကိုရဲ့သူငယ်ချင်းကအိမ်ကိုလိုက်လာတယ်ဆိုတာ မကောင်းဘူးထင်ပါရဲ့။

ချင်ယွီက မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ဟဲကျင့်က သူနဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားတာကို သူမပျော် ဘူး။ ဟဲကျင့်ရဲ့ခံစားချက်များမှာလည်း ချင်ယွီရဲ့အမူအရာနဲ့တင်လွှမ်းမိုးခံလိုက်ရတော့သည်။နောက်ဆုံးမှာတော့သူအရှုံးပေးလိုက်ကာ

"ကောင်းပါပြီ"

ချင်ယွီ ရုတ်တရက် ဝမ်းသာအားရ ပြုံးလိုက်တော့သည် ။ သူက စိတ်ပျော်သွားကာသူ့အသားညှပ်ပေါင်မုန့်ကို ချက်ချင်း ကိုက်လိုက်တော့၏။ သူ့ကိုဒီလိုမြင်တော့ ဟဲကျင့်က K သူ့ကို တီးတိုးပြောတဲ့ပုံစံကို တွေးမိသွားရပြီး

"သူက မင်းကို သဘောကျနေတာပြီးတော့ သူက မင်းနဲ့ အတူရှိချင်နေတယ်..."

ဟဲကျင့် က ကုလားထိုင်ကို အမြန်ဆွဲလိုက်ပြီး ချင်ယွီကို "အလုပ်ပြန်လုပ်ရမယ်" လို့ ပြောပြီးနောက် ထပြေးသွားပါတော့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပင် 9 နာရီထိုးသွားခဲ့သည်။ဟဲကျင့်အလုပ်ဆင်းချိန်ဖြစ်၍ ချင်ယွီသည် သူနှင့်အတူ ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူရဲ့ အဝတ်အစားများကိုလဲပြီးနောက်ဟဲကျင့်သည် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ကာ ချင်ယွီနှင့် အပြင်သို့ လိုက်သွားခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now