129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်

744 138 3
                                    

Unicode

ဟဲကျင့် သည် ချင်ယွီ ၏စာလုံးများကြောင့် အလွန် ရှက်သွားကာ နားရွက်နီနီဖြင့် မတ်တပ်ထရပ်၍ သူ့ပုခုံးပေါ်မှ နှင်းများကိုခါချပြီးနောက် နေ့လည်စာစားရန် သွားခဲ့သည်။ နေ့လယ်စာစားချိန်တွင် ဟဲကျင့်သည် ချင်ယွီက သူ့လက်ပတ်နဲ့ တစ်ချိန်လုံး ကစားနေတာကို မြင်ပြီး သူဘာတွေ အရမ်းရှုပ်နေလဲ သိချင်လာတော့သည်။

"အဲဒါဘာလဲ?"

ဟဲကျင့် က စူးစမ်းပြီး မေးလိုက်သည်။

"ငါတို့ရိုက်ထားတဲ့ပုံတွေကို ကြည့်နေတာ။"

ချင်ယွီ သည် ဟဲကျင့် နှင့် အတူရိုက်ခဲ့သော ဓာတ်ပုံများကို ပြသခဲ့သည်။ ချင်ယွီ သည် ဟဲကျင့် ၏ မျက်နှာကို နမ်းနေသည့်ပုံများကိုရိုက်ရာတွင်ပြန်
လည်ပြသခြင်းကဲ့သို့ အဆက်မပြတ်ရိုက်ကူး
သည့်လုပ်ဆောင်ချက်ကို အသုံးပြုခဲ့သည်။

ဓာတ်ပုံများတွင် ဟဲကျင့် သည် ပျော်ရွှင်စွာ ပြုံးနေပြီး သူသည် ကြည့်ကောင်းနေလေသည်။

ရုတ်​တရက်​ပင် ဟဲကျင့်၏ နှလုံးခုန်သံမြန်သွားရပြီး သူဘာကိုကြောက်နေမှန်းမသိပေမယ့် ချင်ယွီဆီကပုံတွေကို ဖျက်ပစ်ချင်ခဲ့သည်။ သို့သော် သူ့ကို တစ်ကြိမ်သာ ပြပြီးနောက် ချင်ယွီသည် လက်ပတ် ကိုချက်ချင်းပြန်ရုတ်သွားလေသည်။

ခဏနားပြီးနောက် နှစ်ယောက်သား နှင်းလျှောစီးအပန်းဖြေစခန်းသို့ သွားကြသည်။

လျှောစီးတာယာတွေထက် နှင်းလျှောစီးတာက ပိုခက်ခဲပါ၏။ ဤအားကစားနည်းကို စမ်းကြည့်ခြင်းမှာချင်ယွီသည်လည်း ပထမဆုံးအကြိမ်ဖြစ်သည်။ နာရီအလိုက်ပေးရသော နည်းပြနှစ်ယောက်ကို ခေါ်လိုက်သည်။အဆင့်များနှင့် ကြိုတင်ကာကွယ်မှုများကို သေချာလေ့လာပြီးနောက် လျှောစီးစကိတ် ကို ကိုးရိုးကားရားဖြင့် စတင်ခဲ့ကြတော့သည်။

ချင်ယွီ သည် အားကစားတွင် ထူးချွန်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးကဲ့သို့ စကိတ်စီးနည်းကို မကြာမီပင်သိရှိခဲ့သည်။ သို့သော် ဟဲကျင့်
သည်တော့ ဘယ်လိုစီးရမလဲ သူမသိမီ အကြိမ်ပေါင်းများစွာ လည်၍ ခလုတ်တိုက်မိခဲ့ပါသေးသည်။ မူလက ဟဲကျင့် သည် နေ့ခင်းဘက်တွင် အချိန်ပင်မရှိဟု ထင်ခဲ့ပြီး နာရီအလိုက်ပေးဆောင်ရခြင်းသည် အလွန်စျေးကြီးမည်ဟု ထင်ခဲ့သည်။ နှစ်နာရီကြာ နှင်းလျှောစီးပြီးနောက်တွင်တော့ ဒီလိုအပူချိန်နိမ့်မိမ့်မှာသူ့ခွန်အားတွေဘယ်လောက်ဆုံးရှုံးသွားလည်းဆိုတာသတိထားမိသွားပါပြီနော်!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now