157: အချပ်ပို ၂

636 129 2
                                    

Unicode

ကြိုးကြာရိုင်းရဲ့ ဒီ ကိုယ်ဝန်ဆောင်လက္ခဏာကြောင့်အသင်းရဲ့လှုပ်ရှားမူဆိုင်ရာများရပ်တန့်သွားခဲ့တော့သည်။ လွင့်မျောတိမ်တိုက်မှလွဲ၍ လူတိုင်း စိတ်ရှုပ်ထွေးနေပုံရသည်။ သူတို့ ဘာလုပ်ရမှန်း မသိသော်လည်း ကြိုးကြာရိုင်းဘာလုပ်မလဲဆိုတာကိုသူတို့တွေလှည့်ပြီးတော့ကြည့်လိုက်ကြသေး၏

ရိုးရိုးသားသား ပြောရရင် ဂိမ်းထဲမှာကစားသမားတစ်ဦး ဘယ်လိုကလေးမွေးလဲဆိုတာသူတို့မမြင်ဖူးကြပေ။

သူတို့တွေ အင်တာနက်ပေါ်မှာ Demon God နဲ့ဆိုင်တဲ့ ဉဘယ်လိုဉလဲကိုရှာလို့တော့ရပါတယ်။အချက်အလက်တွေကအဲ့တုန်းကဟဲကျင့်နဲ့ချင်ယွီကြုံတွေ့ခဲ့တာထက်တောင်တိကျပုံရသေးတယ်။ဒါကိုမကြုံဖူးတဲ့ကစားသမားတွေအတွက်ကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာပဲ

အားလုံးက စိတ်အားထက်သန်စွာ ဆွေးနွေးနေခဲ့ကြသည်-

ရေသေ: " မင်းအခု ကလေးမွေးတော့မှာလား ? ဒါ​ပေမယ့်​ ဘယ်​မှာလုပ်​မှာလဲ?"

ဖခင်တစ်ယောက်ဖြစ်ခြင်း၌ အတွေ့အကြုံများရှိသည့် ချင်ယွီကပေါ့ပေါ့ပါးပါးပဲရှင်းပြလာလေရဲ့

"အိမ်စနစ်မှာ ရှိတဲ့လင်မယားအတူတူနေတဲ့အခန်းကိုပြန်သွားရမှာ"

ရှူကျီးကျာ့လန်ကဟဲကျင့်ကိုမေးလိုက်သည်။

"ကလေးမွေးတော့ ဘယ်လိုနေလဲ? အဲ့ဒါကနာလား?"

"..."

ဟဲကျင့်တကယ်ကြီး ဒီလိုရှက်စရာကောင်းတဲ့မေးခွန်းကို မဖြေချင်ပါဘူးနော်

ကံကောင်းထောက်မစွာပဲ ရေသေကအကြောင်းအရာပြောင်းလိုက်ပြီးချင်ယွီကိုဆက်မေးလာတော့သည်။

"ဒါဆို မင်း ကလေးချက်ချင်းရပြီပေါ့?"

ချင်ယွီ: "မဟုတ်ဘူး မွေးပြီးချင်းက အခွံပျော့ဉတစ်ခုပဲ အချိန်တစ်ခုကြာတော့မှ ဉကွဲပြီးတော့ထွက် လာမှာ"

ဖက်ထုပ်လေးက ဘေးနားကနေ ခေါင်းညိတ်လာသည်။ သူဘယ်လိုမွေးဖွားလာတယ်ဆိုတာ ကောင်းကောင်းသိပုံရပါ၏။ ဟဲကျင့်က အဲ့ဒါကရယ်စရာကောင်းတယ်လို့ထင်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now