057:ငါကမင်းထက်အသက်ကြီးတယ်

866 155 8
                                    

Unicode

မတူညီသော စီးတော်များသည် မတူညီတဲ့ အမြန်နှုန်း များ ရှိလေသည်။ အားကျင့် အား မီး ပေးခဲ့ သော သနားဖွယ် မီးလျှံသည် သဘာဝအတိုင်း အမြန်ဆုံးဖြစ်သည်။ ထို့အပြင် သူတို့သည် ကောင်းကင်တွင် ပျံသန်းနေဆဲဖြစ်ပြီး သူတို့ရဲ့ သြဒီနိတ်ကို ခြေရာခံရန် အလွန်ခက်ခဲစေသည်။ အမျိုးသမီးကစားသမားများသည် အမှန်တကယ်ပင် ခိုကိုးရာမဲ့ဖြစ် နေပြီး သူတို့နောက်မှ အပြီးအပိုင်မကျန်ရစ်မီ ခဏမျှသာ လိုက်နိုင်ခဲ့သည်။

"အာ အာ အာ-ဒီနတ်ဘုရားဆန်တဲ့ဦးလေး!!" စိတ်လှုပ်ရှားနေသော ရှူကျီးကျာ့လန် သည်အားကျင့် ၏နောက်တွင် ထိုင်နေရာမှ အော်ဟစ်၍ အံ့ဩတကြီး ဖြစ်နေကာ မျက်လုံးများမှာလည်း ဘလင်းဘလင်း ဖြစ်နေလေသည်။

"တကယ်မိုက်တယ် ဟားဟား!"

ဆယ်ကျော်သက်လေး၏ ရွှင်မြူးသောအသွင်အပြင်သည် ဟဲကျင့်ကိုပါ ကူးစက်သွားကာ ကူရာမဲ့စွာဖြင့်လိုက်ရယ်မိတော့ကာ ဟဲကျင့်သည်မေးလာလေသည်။

"မင်းအသက်ဘယ်လောက်ရှိပြီလဲ?"

ရှူကျီးကျာ့လန်: "16! မင်းကရော? မင်းငါ့ထက်အများကြီးငယ်မယ်ထင်တယ်!"

အားကျင့် ပါးစပ် မဲ့ကျသွားတော့သည်။...

ရှူကျီးကျာ့လန်: "မင်းဒီလောက်မိုက်တဲ့ စီးတော်ဘယ်လိုလုပ်ရှိနေရတာလဲ? ဝယ်ထားတာလား?"

"ငါ့ ...သူငယ်ချင်းဟောင်းက ငါ့ကိုပေးတာ!"
ငါ့ယောကျ်ားက ပေးတာလို့တောင်ပြောမိတော့မလို့!
ဟဲကျင့် မျက်နှာများပါနီလာတော့သည်။
မားရေ ကျွန်တော်တော့ မီးစီက တဖြည်းဖြည်းနဲ့ ဦးနှောက်ဆေးခံနေရပြီ!

ရှူကျီးကျာ့လန်: "မင်းသူငယ်ချင်းက အရမ်းသူဌေးကျတာပဲလား? ဒီကောင်က အရမ်းစျေးကြီးမယ့်ပုံကြီး!"

ဟဲကျင့်: "..."

သူတို့က လေထဲ မှာ လွင့်နေတာကြောင့် စကားပြောဖို့ အော်ဟစ်ကြရတယ်။ ရှူကျီးကျာ့လန် သည် ဟဲကျင့် ၏နောက်တွင်ထိုင်နေပြီး သူ၏ကြမ်းတမ်းသောလူငယ်အသံသည် ဟဲကျင့် ၏နားစည်ကို ထိတ်လန့်စေပါ၏။ ဒါပေမယ့် ထူးဆန်းတာက တော့ သူတို့နှစ်ယောက် အရမ်းနီးနီးကပ်ကပ်ထိုင် ကြပေမဲ့ မီး နဲ့ အတူရှိစဉ်တုန်းက သူအမြဲတမ်း ခံစားခဲ့ရတဲ့ ထူးဆန်းတဲ့ တင်းကြပ်တဲ့ ခံစားမူမျိုးရှိမနေပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now