124:တွဲကြရအောင်

925 181 5
                                    

Unicode

မဲခွဲဝေမှုနှင့်ပတ်သက်၍ host က အသင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ထို့နောက် ဟာဂင်ဒတ်စ်အသင်းအပေါ် သူတို့ ဘယ်လိုထင်မြင်ကြောင်း မေးမြန်းခဲ့လေသည်။

ချင်ယွီ: "သူတို့ တကယ် ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်"

ရေသေက  ပြုံးကာပြောလာတယ်

"ဒါပေမယ့် ငါကနတ်ဘုရားအားလင် ထွက်ပြေးသွားတာတော့ နည်းနည်းနှမြောစရာပဲ"

သူကငါကနတ်ဘုရားအားလင် နဲ့ ကျိန်စာကို လက်စားချေခွင့်မရလို့နောင်တရတယ်လို့သတ်မှတ်လို့ရလား? ဒုတိယပွဲစဉ်မှာရေသေနဲ့ ရှူကျီးကျာ့လန် ရှုံးသွားတာကို လူတိုင်းသိပါတယ်...

host က  ရယ်မောရင်း ရုတ်တရက် နူးညံ့သိမ်မွေ့သော သခင်လေးက အနည်းငယ်ကြောက်ဖို့ကောင်းကြောင်းသိရှိလိုက်ရသည်။

နာရီဝက်ကြာ အင်တာဗျူးသည် အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး "Demon God" ၏ ပထမဉီးဆုံး Team Battleမှာလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

လူအများအပြားသည် အင်တာဗျူးမှ ဂိမ်းလောကသို့ ပြန်လာကြပြီး ကိုးခန်းမ အရှင်မင်းမြတ်နှင့် တွေ့ဆုံခဲ့ကြသည်။

"မင်းတို့နှစ်ယောက်လုံး အရမ်းတွေကောင်းကောင်းဖုံးကွယ်ထားနိုင်တာပဲ!"

ကိုးခန်းမအရှင်မင်းမြတ်သည် မီးနဲ့အားကျင့်ကိုအထက်အောက်ဆုန်ချည်ဆန်ချည်ကြည့်နေသည်မှာ အားကျင့်ကိုအလွန်အမင်းစိတ်လှုပ်ရှားစေလေသည်။သူ သူ့အသင်းဖော်တွေဆီကနေ ဝေဖန်ခံရမှာကြောက်ပါရဲ့။

ကြိုးကြာရိုင်းက ချဉ်းကပ်လာပြီး

"ငါ မင်းကို အားကျင့် က ယောက်ျားလေးလို့ ပြောခဲ့တယ်လေ! မင်းကငါ့ကိုမယုံခဲ့ဘူး!"

ဟဲကျင့်: "... "

ကိုးခန်းမအရှင်မင်းမြတ်သည် အလွန်ကြောက်လန့်ကာ ရှေ့သို့ ခြေတစ်လှမ်း ခုန်မိသွားပြီး

"ဘုရားရေ ငါကဘာလို့အမြဲတမ်း အသင်းထဲမှာ ဂေးအသင်းဖော်တွေနဲ့ပဲတွေ့နေရတာလဲ?ငါဘာလို့မင်းတို့နဲ့ သူငယ်ချင်းတောင်ဖြစ်ခဲ့ရတာလဲနော်..."

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now