027:Demonic Dungeonထဲဝင်မယ် 3

998 185 9
                                    

Unicode

ဂိမ်းကို ပြန်လည်ပြင်ဆင်ပြီးနောက် Demon God သည် ပိုမိုတိုးတက်လာခဲ့သည်။ မိတ်ဆက် လိုက်သော တိုးတက်မှုအသစ်များထဲမှ တစ်ခုမှာ စိတ်ကြိုက်အသွင်အပြင်ဖြစ်သည်။  ကစားသမားတစ်ဦးစီသည်၎င်းတို့၏ဇာတ်ကောင်များကို ဖန်တီးသည့်အခါ အသွင်အပြင်အသေးစိတ်နှင့် ဆံပင်ပုံစံများကို သတ်မှတ်ရန် ကြွယ်ဝသောပြောင်းလဲမှုစနစ်တစ်ခုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ဂိမ်းထဲမှဆိုင်သည် ပိုမိုစိတ်ကြိုက်ပြင်ဆင်နိုင်စေရန်အတွက် ဖက်ရှင်အဝတ်အစားများနှင့် ဆေးဆိုးခြင်းဆိုင်ရာ လုပ်ဆောင်ချက်အမျိုးမျိုးကိုလည်း မိတ်ဆက်ပေးခဲ့သည်။

ဟဲကျင့် သည် ဟုန်မင် ကိုကြည့်လိုက်သည်။သူ့အဝတ်အစားနဲ့ ဆံပင်ပုံစံတင်မကဘဲ သူ့ဆံပင်အရောင်နဲ့ မျက်နှာအသွင်အပြင်ကလည်း မီး နဲ့ ဆင်တူနေ၏။ တစ်ခုတည်းသော ခြားနားချက်မှာ သူ၏ စိတ်နေစိတ်ထား တစ္ဆေလိုဖြူဖျော့ဖျော့အသားအရေနှင့် ရန်လိုသောအမူအရာဖြင့် သူသည် အဆုံးမဲ့ငရဲတွင်းမှတက်လာခဲ့သလိုပင်။

ထို့အပြင် ဤဂိမ်းရှိ Boss များသည် သာမန်ကစားသမားများထက် ယေဘုယျအားဖြင့် ကြီးမားကြပြီး ဟုန်မင် လည်း ထို့အတူပင် ဖြစ်သည်။အကယ်၍ ဂိမ်းရှိ မီး နှင့် ကိုးခန်းမ  ၏ အမြင့်သည် 1.8 မီတာဟု အကြမ်းဖျင်းဖော်ပြထားပါက ဟုန်မင် ၏ အမြင့်သည် 2 မီတာနီးပါးအထိ ရောက်ရှိသွားမည်ဖြစ်သည်။

ယခင် နတ်ဆိုးခေါင်းဆောင်က ဓားနက်ကို သူ့လက်နက်အဖြစ် အသုံးပြုခဲ့ပြီး ယန်တောင်၏ မီးတောက်များတွင် တောက်ပစွာ ထွန်းလင်းတောက်ပခဲ့သည်။

ဟုန်မင် သည် သူတို့မြင်ကွင်းဆီသို့ ရောက်သည်နှင့် ကိုးခန်းမ အရှင်မင်းမြတ် က ချက်ချင်းပင် ဆင့်ခေါ်ခြင်းအစွမ်းကိုသုံးလိုက်လေသည်။ ရွှေရောင်အလင်းတန်းများနှင့်အတူ မကြာမီမှာပင် အားကြီးသောရွှေခြင်္သေ့ကြီးသည် သူ့နံဘေးသို့ ရောက်ရှိလာပြီး အသံပေးလေသည်။ "ဝေါင်း ~ ~ ~"

Demon God ဂိမ်း၏ နောက်ထပ်ထူးခြားချက်မှာ ၎င်း၏ ကြွယ်ဝသော စနစ်-အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည်။ ယခုအချိန်အထိ ဟဲကျင့် သည် ၎င်းတို့ထဲမှ ၃ ကောင်ဖြစ်သည့် နှလုံးသားမဲ့ မီး ရဲ့ပူပြင်းဝိညာဉ်သားရဲ,လွင့်မျောတိမ်တိုက်ရဲ့ နဂါး,ကိုးခန်းမရဲ့ ခြင်္သေ့ တို့ကိုသာ မြင်တွေ့ခဲ့ရသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now