156: အချပ်ပို ၁

947 145 1
                                    

Unicode

မြူများပျောက်ကွယ်သွားသောအခါတွင် ဟဲကျင့်သည် သုံးနှစ်ကြာပြီးနောက် ဂိမ်းပုံစံကိုစူးစမ်း ချင်ခဲ့သည်။အဲ့နောက်မှာတော့ သူ့ဉီးနှောက်က တစ်ခုခုနဲ့ပိတ်မိနေသလိုခံစားခဲ့ရပါ၏။ရုတ်တရက်ပင် အံ့အားသင့်သွားသည့် သာယာတဲ့အသံတစ်ခုကိုကြားလိုက်ရသည်။

"ပါ~ပါး!"

"ဖက်...ဖက်ထုပ်လေး?"

ဟဲကျင့် သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ခေါင်းပေါ်မှထိုအရာလေး ကို ယူလိုက်သည်။ သူ့လက်နှစ်ဖက်ကို အနီးကပ်ကြည့်လိုက်ရာ ဖာရက်အမြှီးလေးနဲ့ devil baby လေးဖြစ်နေလေရဲ့ ။သူကပျော်ရွှင်စွာဖြင့်ဖက်ထုပ်လေးရဲ့ နှဖူးလေးကိုနမ်းလိုက်ပြီး ညှင်သာစွာပြောလိုက်သည်။

"ကလေးလေး ပါပါးပြန်လာပြီ"

ဖက်ထုပ်လေးသည် စိတ်လှုပ်ရှားစွာဖြင့်တချိန်လုံး လှုပ်ခါနေခဲ့သည်။ဟဲကျင့်ကသူ့ကိုနမ်းလိုက်တဲ့အချိန်မှာတော့ မျက်ရည်ဝဲနေသောမျက်လုံးလေးများဖြင့်ကြည့်နေလေသည်။သူကနည်းနည်းလေးတောင်မလှုပ်ပဲဟဲကျင့်ကိုသာကြည့်နေခဲ့သည်မှာချစ်ခြင်းမေတ္တာအပြည့်နှင့်ပင်။

ဟဲကျင့် သည် ဖက်ထုပ်လေးက အထူးစိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရှိခဲ့သည်။ ယခင်က ဖက်ထုပ်လေးသည် အချိန်များစုမှာအမူရာမဲ့နေတတ်ကာ ဒေါသထွက်ရင်စိတ်ဆိုးရင် ကျီကျီ အသံထွက်တတ်တဲ့ devil baby လေးကဘယ်လိုလုပ် စိတ်ခံစားလွယ်တဲ့ကလေးလေးဖြစ်လာရတာလဲ?"

အသေအချာကြီးကို Demon God က တိုးတက် အောင်လုပ်တာမရပ်တန့်ခဲ့ဘူးပဲ။

ဖက်ထုပ်လေးက သုံးနှစ်ကြာသွားတာတောင်အရင် တိုင်းပဲနည်းနည်းလေးတောင်မကြီးလာခဲ့ဘူးလား?ဒါမှမဟုတ်သူကမကြီးထွားနိုင်တာလား?ဟဲကျင့်က သူ့ကလေး ကိုကိုင်ပြီးကြည့်ကြည့်လိုက်၏။အဲ့ဒါကနည်းနည်းတော့ ယုတ္တိမတန်ဘူးလားလို့နော်!

ဖက်ထုပ်လေးက အတောင်ပံတွေ ကိုသိမ်းလိုက်ပြီး နာခံစွာဖြင့် ဟဲကျင့်ကို ကြည့်ခွင့်ပေးလိုက်သည်။ သူသည် လုံးဝယဉ်ပါးသော ခွေးကလေးကဲ့သို့ တခါတရံတွင် ပါပါးဟု ချိုသာစွာ တီးတိုးပြောတတ် သေးသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now