018: ငါ့ကို ယောကျ်ားလို့ခေါ်

1.1K 209 18
                                    

Unicode

ဒီတစ်ကြိမ်တွေ့ဆုံမှုအစကတည်းက မီး သည် ဤပြဿနာကို တမင်တကာရှောင်နေသကဲ့သို့ ယခင်က သူရုတ်တရက် အော့ဖ်လိုင်းသွားရသည့်အကြောင်းအရင်းကို မီး က မမေးရသေးပေ။

ယင်းအစား ဟဲကျင့် ၏ နောင်ကြုံတွေ့ရနိုင်သည့် ပြဿနာများအကြောင်း စဉ်းစားနေပြီး ၎င်းတို့၏အနာဂတ်ကို အလေးအနက်တွေးကာ ဟဲကျင့် ကို လက်ဆောင်များနှင့် ကတိများသာပေးခဲ့သည်။

ထိုကဲ့သို့ နွေးထွေးမှုလေး​ကြောင့်ဟဲကျင့် သည် ရင်ထဲ ထိသွားကာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ နောက်ဆုံးတွင် မေးမိတော့သည်။

"မီး ငါအွန်လိုင်းပေါ်မလာသေးရင် မင်းဆက်စောင့်နေမှာလား?"

မီး သည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် "အင်း" ဟု ငြင်သာ စွာပြန်ဖြေသည်။

သေချာသလောက် ကို သူ က ဒီလိုပဲပြန်ဖြေမှာပင်....

ဟဲကျင့် : "ဘာကြောင့်လဲ? ငါ ဒီဂိမ်းကိုဆက်ပြီးကစားချင်မယ်ဆိုတာ ကလဲ မသေချာနေဘူးလေ "

မီး : "မင်း မကစားချင်ဘူးလား? ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ? "

အမေးခံရသောဟဲကျင့် သည် ရုတ်တရက် နင် သွားသည်။ တကယ်ဆို သူ ကစားချင်နေတာ... ဒါပေမယ့် မီး က ဘာကို တွေးနေလဲ သိချင်လွန်းလို့ မေးလိုက်မိတာပင်။အာ သူက သာမာန် အင်တာနက်သုံးစွဲ သူလေးကို ဘာလို့ ဒီလို လုပ်ရတာလဲ!!!

နတ်သမီးလေး ကျင့် : "နှစ်တွေ အများကြီးကုန်သွားပြီး ငါ အွန်လိုင်းပေါ်ကို နောက်တစ်ခါ ထပ်မလာနိုင်တော့ဘူးလို့ မင်းစိတ်ထဲမှာ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလား?"

ကွန်ရက်ချိတ်ဆက်မှု၏အခြားတစ်ဖက်တွင် ချင်ယွီသည် ဒိုင်ယာလော့ခ်ဘောက်စ်ကို စိုက်ကြည့်နေသည်... အမှန်အတိုင်းပြောရလျှင် သူလည်း ထူးဆန်းသလို ခံစားလိုက်ရသည် အဘယ်ကြောင့် ဆိုသော် အဲ့လို အတွေး မျိုး တစ်ခါမှ မတွေးခဲ့မိလို့ပင်။

ဂိမ်းရှိလူတိုင်းသည် သူ၏ "လက်ထပ်သည်" အခြေအနေကို မြင်နိုင်သော်လည်း သူ့ဇနီးသည် အွန်လိုင်းတွင် နှစ်ပေါင်းများစွာ မရှိခဲ့ကြောင်း လူအနည်းငယ်သာ သိကြသည်။ ရေသေ သည် ထိုသူများ အနက်မှ တစ်ယောက် ဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now