063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး

803 155 1
                                    

Unicode

ရှူကျီးကျာ့လန် သည် မြို့၏အုတ်တံတိုင်းကို တိုက် မိသွားသော်လည်း အားကျင့် ထံသို့ လျှို့ဝှက်စာတိုတစ်စောင်ကို အဆက်မပြတ်ပေးပို့နေဆဲဖြစ်သည်

"အာ ဘာလို့အဖွဲ့ထဲဝင်ခွင့်မပေးတာလဲ!"

ဟဲကျင့်၏ မျက်လုံးများ ပြူးကျယ်သွားကာသူရှင်းပြရုံပဲတတ်နိုင်လေသည်။

"ငါ အခုလေးတင် အွန်လိုင်းပေါ်ရောက်လာတာ ပြီးတော့ ခေါင်းဆောင်က ငါမဟုတ်ဘူး... ဘယ်လိုဖြစ် လို့ မအိပ်သေးတာလဲ?"

တစ်ဖက် ကစားသမားသည် အခြားအချိန်ဇုန်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သူ မမေ့ခဲ့ပေ။ လောလောဆယ် နေ့လည်တစ်နာရီရှိပြီမို့ အချိန်ကွာခြားချက် ရှစ်နာရီကို တွက်ကြည့်လိုက်လျှင်  UK မှာ မနက်သုံးနာရီ ဖြစ်နေလောက်ပြီပင်။

ရှူကျီးကျာ့လန်: "စောလွန်းသေးတယ် ပုံမှန်ဆို မနက် ငါးနာရီ ခြောက်နာရီလောက်မှအိပ်တာ!"

ဒါဆိုဒီကောင်လေးက မတူညီတဲ့အချိန်ဇုန်မှာ နေထိုင် ရုံသာမက တစ်ညတာလုံး နိုးကြားနေတဲ့အဖွဲ့ထဲကတစိတ်တပိုင်းပေါ့လေ။ ဟဲကျင့်ကတော့ သူ ဘယ်အချိန်ဇုန်ကိုရောက်နေမှန်းတောင် မသိတော့ဘူး!

ရေသေ စီမှ အိမ်မွေးခံလိုက်ရတာနဲ့ ပတ်သက်ပြီး ဟဲကျင့် မေးစရာမလိုပဲ ရှူကျီးကျာ့လန် ကသူ့ဘာသူပြောပြလာသည်

" ဟေး အားကျင့် မကြာခင်က ကျွန်တော် အိမ်မွေးခံလိုက်ရတယ် ကျွန်တော့် သခင်က တော်တော်နာမည် ကြီးတဲ့ သူပဲ ဆာဗာမှာ ထိပ်တန်း အဆင့်လေး တဲ့ အာ!"

ဆာဗာသုံးခုကို ပေါင်းစည်းပြီးနောက် ရေသေ ၏ အဆင့်သည် ဒုတိယမှ စတုတ္ထသို့ ကျဆင်းသွားခဲ့သည်။

ဟဲကျင့်သည် စိတ်ထဲကတွေးလိုက်သည်

' ငါသိတယ် ငါသိတယ် မင်းရဲ့ သခင်က ရေသေ လေ ငါတို့နောက်ဆုံး အွန်လိုင်းမှာတွေ့တုန်းက ငါ စကားပြောနေခဲ့တဲ့ မင်းမမြင်ရတဲ့ သူပေါ့ ငါထင် တောင် မထင်ထားခဲ့ဘူး ငါ ထွက်သွားပြီးချင်းပဲ သူကမင်းကို မျက်စိကျသွားမယ်လို့လေ"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now