130: ငါ့နှလုံးသားကို သူပိုင်တယ်

748 142 8
                                    

Unicode

[T/N တကယ့်ကားကအခုမှလာတာအရပ်ကတို့ရေ အရှေ့ကကားတွေကဂိတ်မဆုံးခဲ့ပါဘူးတဲ့]

ချင်ယွီက ဟဲကျင့်ကို ဟိုတယ်သွားရအောင်လို့ပြောလာသည့်အခါတွင်တော့  ဒီ 3 ရက်ကြာအတွင်း အလေ့အကျင့်ဖြစ်သွားတာလားဆိုတာကိုမပြောတတ်သော်လည်း ဟဲကျင့်က ချင်ယွီကို မငြင်းဆန်ခဲ့ချေ။အဲ့အစားသူကပြောလိုက်လေသည်။

"အိုခေ ဒါပေမယ့် ဒီတစ်ခါ ကျင်းရှန်ထိမသွားတော့ဘူး ကျောင်းနဲ့ ပိုနီးတဲ့နေရာမှာပဲနေရအောင်"

နောက်နေ့က တနလ်ာနေ့ဆိုတော့ သူထပ်ပြီးတော့နောက်မကျချင်တော့ပါဘူးနော်

ကျောင်းအနီးတွင် ဈေးပေါသော တည်းခိုခန်းများနှင့် မိုတယ်များ ရှိလေသည်။ သို့သော်လည်း ကျင်းရှန်လောက်တော့မကောင်းပေ။

ဟဲကျင့် လက်ခံလိုက်ကတည်းက ချင်ယွီ က အရမ်းစိတ်လှုပ်ရှားနေပြီး အဲဒီညစ်ပတ်တဲ့ အတွေးတွေနဲ့ ပဲပြည့်နေတော့တာပါပဲ

နောက်တစ်နေ့တွင် နှိုးစက်သံပိတ်သွားသောအခါဟဲကျင့် သည် သိသိသာသာ မအိပ်ခဲ့ရသေးပေ။ အိပ်ရာထဖို့ ကြိုးစားရင်း သူ့ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ နာကျင်ကိုက်ခဲနေသလို ခံစားလိုက်ရတယ်...

ချင်ယွီသည် ဟဲကျင့် နိုးလာပြီဖြစ်ကြောင်းကို သိ၍မနက်ခင်းအနမ်းကို လိုချင်ခဲ့သည်။ မမျှော်လင့်ဘဲ ဟဲကျင့် က သူ့ကို တွန်းဖယ်လိုက်ပြီး မသက်မသာနဲ့ သန့်စင်ခန်းကိုလျှောက်သွားတော့လေရဲ့

လှုပ်ရှားမှုတိုင်းသည် ညတုန်းက အကျင့်ပျက်လုပ်ရပ်ကို အမှတ်ရစေသည်။ ရှက်လွန်းလို့ သူ့ကိုယ်သူ ရိုက်နှက်ချင်စိတ်တောင်ပေါက်သွားရတယ်!

ချင်ယွီ နဲ့ အတူရှိနေရတာ ကြီးမားတဲ့ အမှားတစ်ခုလို့ သူထင်လာတယ်... လူတွေက အချစ်က လူတစ် ယောက်ကို ရူးသွပ်စေတယ်တဲ့ အခုတော့ သူအရူးတစ်ယောက်လိုဖြစ်နေပြီလေ

ချင်ယွီ သည် သူ့ကိုယ်သူ ထောက်ထားကာဖြင့် ပျောက်ကွယ်သွားသော ဟဲကျင့် ၏ ရုပ်ပုံကို ကြည့်လိုက်သည်။ သူ အိပ်ရာသို့ ပြန်လှဲချလိုက်ရင်း ဟဲကျင့်၏ ခေါင်းအုံးကို ယူကာဖြင့် လေးနက်စွာ ရှူရှိုက်လိုက်သည်။ သူတကယ်ကြီးနှစ်သက်တယ်ပြီးတော့ သူ့အနားမှာရှိလို့အရမ်းပျော်တာပဲ

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now