121:သိပ္ပံနည်းကိုမကျနေဘူး

617 151 4
                                    

Unicode

ပရိသတ်များသည် အားကျင့်ကို မီးက ခေါ်ဆောင် ကာ ခုန်ဆင်းရန် စိတ်အားထက်သန်စွာ စောင့် မျှော်နေကြသည်။ အနည်းဆုံးတော့ အဖွဲ့ဝင်အားလုံး အဲ့နေရာမှာ ဆုံသွားကြရင် အနိုင်ရဖို့ အခွင့်အလမ်းပိုများတယ်လေ။သူတို့မျှော်လင့်နေတုန်းမှာပဲတစုံတယောက်က public channel မှာစကားပြောလာခဲ့သည်။

〖ကွင်း〗မီး: "ငါအားကျင့်နဲ့ ဂူထဲမှာနေပြီး ပင်ဟွားခွေးတွေနဲ့တိုက်လိုက်ဦးမယ် မင်းတို့သုံးယောက်
အင်ဆုံနှင့် မကြာဘူးလိုက်လာခဲ့မယ်။

မီး သည် အားကျင့်ကို ချောက်ကမ်းပါးမှ ခုန်ချရန် မခေါ်ဆောင်ခဲ့ပေမယ့်လည်း public channel မှာပြန်ပြောရန်အချိန်ရှိတယ်ပေါ့! သူကပြန်ဖြေရုံသာမကဘူးရှည်လျားတဲ့စာကြောင်းလည်းဖြစ်ခဲ့သေးတယ်တဲ့!

ခဏလေးနဲ့လိုက်ခဲ့မယ်?မီးက ဟို3 ယောက်ကို PK ပြီးမှသူ့အသင်းဖော်တွေနဲ့တွေ့မယ်ပေါ့?

ပရိသတ်တွေ အံဩသွားရပြန်သည်။ အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာ မီး က ဘယ်လို အေးအေးဆေးဆေး လုပ်နိုင်ရတာလဲ? သူ့ကတ
ကယ် လုပ်နိုင်လို့လား?ဒါမှမဟုတ် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေတာလား?

host လည်း အံ့အားသင့်သွားပြီး ရှက်ရွံ့မှုကြောင့်တိတ်ဆိတ်သွားတော့လေရဲ့..။

comment box—

"မီးရည်ညွှန်းတဲ့ ဒီ ပင်ဟွားခွေးတွေက ဘယ်သူတွေလဲဆိုတာ ငါသိချင်တယ်။ သူဘယ်သူကို ဆဲတာလဲ?"

"အဲ့ဒါက ဟာဂင်ဒတ်စ်,ပန်းယီယီ,ခွေးနတ်ဆိုးတို့ သုံးယောက်ကိုပြောတာနေမှာပေါ့..."

"ငါ လုပင်ဟွားကို ရုတ်တရက် တွေးမိသွားတယ်... "

"ဟားဟားဟားဟားဟားဟားဟား!"

ထိုစာကြောင်းကိုပေးပို့ပြီးနောက်မှာတော့ မီးကအားကျင့်ကိုညွှန်ကြားလာတော့သည်။

"အားကျင့် မင်းနဲ့ ဖက်ထုပ်လေးက ခွေးကိုကိုင်တွယ်လိုက် ငါက ပင်ဟွားကိုကိုင်တွယ်လိုက်မယ်"

မီးသည် အသံမက်ဆေ့ဂျ် လုပ်ဆောင်ချက်ကို အသုံးပြု၍ ၎င်းကို ပြောကြားခဲ့ခြင်းဖြစ်ပြီး မြေပုံအတွင်း၌ အချို့သော ကစားသမားများလည်း ဤလုပ်ဆောင်ချက်ကို အသုံးပြုခဲ့ကြသည်။ ပရိသတ်ကတော့ ရှင်းရှင်းလင်းလင်း မကြားရပေမယ့် မီးရဲ့ အနားကလူတွေကတော့ကြားရလေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now