046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ

889 155 3
                                    

Unicode

ဟဲကျင့် သည် သူ့လည်ပင်းတစ်ဝိုက်တွင် အေးစက်စက် ခံစားလိုက်ရကာ သူ့အမြင်အာရုံများ မှေးမှိန်သွားခဲ့သည်။

ရှုံးနိမ့်သွားချိန်မှာ ဒီစကားကို ကြားလိုက်ရလို့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မီး ရဲ့ "သန်မာစေဖို့ ရှုံးနိမ့်တာကို ဝန်မခံပါနှင့်" ဆိုတဲ့ စကားလုံးတွေက သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေခဲ့ပါ၏။ ဟုတ်ပါတယ် မီး ရဲ့ ပင်ကိုယ်စရိုက်က အမြဲတမ်း ဒီလိုပါပဲ။ သူက ဖျက်ဆီးလို့မရမချင်း ဇွတ်ပြေးဝင်နေဦးမှာပင်။

တခါတရံ ဟဲကျင့် သည် သူ၏ အဆုံးမရှိသော ရဲစွမ်းသတ္တိကို အရမ်းအားကျရသည်။ ရှစ်နှစ်တာ ထိပ်ဆုံးမှာ ရပ်တည်နေတာဟာ ကံကောင်းခြင်းသက်သက်ကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားပါ၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဟဲကျင့် သည် နောက်ဆုံးတွင်တော့ ဂိမ်းထဲတွင် သတိပြန်လည်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မီးရဲ့
ရင်ခွင်ထဲမှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။

မီးက မေးလာသည်။

"ငါ့ကို မငေါက်ဘူးလား?"

အားကျင့် : "..." သူက ကလေးမဟုတ်ဘူး။ အသတ် ခံရပြီးနောက် အနည်းငယ် စိတ်ဆိုးသွားသည်မှာ သေချာသော်လည်း အကြိမ်ပေါင်းများစွာ သေပြီးနောက်တောင် ပြန်မခုခံနိုင်သောကြောင့် ပို၍ စိတ်ဓာတ်ကျလာရသည်။

စကားမပြောရန် ငြင်းဆန်သည်ကိုမြင်လျှင် မီးသည် သူ့ခြေဖဝါးကို ညင်သာစွာထိရန် လက်ကိုဆန့်ကာ ဆိုလာသည်။

"တစ်ခုခုဖြစ်နေတာ?"

ဟဲကျင့်သည် တုန်တုန်ယင်ယင်နှင့် ချက်ချင်းပင် သူ့လက်မှ မြေပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။ ငါ အာ ငါ ခံစားရတာပေါ့  မီး က များသောအားဖြင့်  သူ့အပေါ် အလွန်နူးညံ့သိမ်မွေ့တယ်လေ ဒါပေမယ့်  PK မှာ သူကဘယ်လိုတောင် ရက်စက်ရတာတုန်း!

ဒါတောင် သူဘာမှ မလုပ်နိုင်ဘူး။ ဟဲကျင့် သည် လူကြီးတစ်ယောက်ဖြစ်ပြီး သူက ကျောင်းသူငယ် လေးလို  ကြေကွဲလွယ်ကာ စိတ်ကောက်မနေသင့်ပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now